မြန်မာနှစ်ဦးက ထိုင်းကျောင်းသူကို မတရားကျင့် သတ်ဖြတ်ဟုဆို

E-mail Print
ထိုင်းကျောင်းသူ တဦးအား မြန်မာပြည်သား အလုပ်သမား ၂ ဦးက ပြီးခဲ့သည့် စနေနေ့တွင် မတရား ပြုကျင့်ပြီး သတ်ဖြတ် ခဲ့သည်ဟု ထိုင်းဘာသာဖြင့် ရေးသားသည့် ချင်းမိုင် သတင်းစာ (Chiang Mai News) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။  

အဆိုပါ ကျောင်းသူ တက်ရောက်ခဲ့သည့် ချင်းမိုင်မြို့ပြင်ရှိ မဲဂျိုး (Mae Jo) တက္ကသိုလ်မှ ထောင်နှင့်ချီသော ကျောင်းသားများက အနီးရှိ မြန်မာပြည်သား အလုပ်သမား တန်းလျားကို ဖျက်သိမ်း ပြောင်းရွှေ့ပစ်ရန် တောင်းဆို ဆန္ဒပြကြကြောင်း သိရသည်။ ၎င်းတို့၏ တောင်းဆိုချက်ကို အာဏာပိုင်တို့က ဆောင်ရွက်ပေးခြင်း မရှိလျှင် ၎င်းတို့ကိုယ်တိုင် ထိုအလုပ်သမား တန်းလျားကို မီးရှို့ဖျက်ဆီးမည်ဟု သတိပေးထားကြောင်းကိုလည်း ဖော်ပြထားသည်။

အဆိုပါသတင်းကြောင့် မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမားများအား အပြင်းအထန် ဖမ်းဆီး နှိမ်နင်းမည်ကို ချင်းမိုင်မြို့ရှိ မြန်မာပြည်သား အလုပ်သမားများက စိုးရိမ်နေကြသည်ဟု သိရသည်။  

 “အခု ကျနော်တို့ အချင်းချင်း ဒီသတင်းတွေပဲ ပြောနေကြတယ်။ ကျောင်းအနီးအနားမှာ နေတဲ့ မြန်မာ ပြည်သား အလုပ်သမားတွေကို  မောင်းထုတ်နေတယ် လို့လည်း ကြားတယ်။ အဲဒီနားမှာက ရှမ်း(တိုင်းရင်းသား)တွေပဲ များတယ်။ ရှမ်းစကား ပြောကြတယ်။ အခုလို ဖြစ်တော့ ကျနော်တို့ မြန်မာပြည်သား အလုပ်သမားတွေအနေနဲ့ သတိထား နေထိုင်ကြဖို့  တယောက်နဲ့ တယောက် သတိပေးကြရတယ်” ဟု  မြန်မာပြည်သား အများစု အလုပ်လုပ်ကိုင်သည့် ချင်းမိုင်ညဈေး (Night Bazzar)မှ မြန်မာပြည်သားတဦးက ပြောသည်။

ထိုင်းသတင်းစာများ၊ ရုပ်မြင်သံကြား သတင်းများတွင်လည်း တရားခံဟု စွပ်စွဲခံရသူ၏ ဓာတ်ပုံနှင့် အတူ အဆိုပါသတင်းကို ဖော်ပြနေကြသည်။

ချင်းမိုင်မြို့တွင်  ကြာမြင့်စွာ နေထိုင်နေသည့် မြန်မာပြည်သား အမျိုးသမီးတဦးက“ ၇နာရီခွဲမှာ ဒီသတင်း လာဦးမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လည်း ဗမာပါပဲ။ ဒီလို လုပ်တာတော့ မကောင်းဘူးပေါ့။ အခုတော့ သူတို့ကြောင့် တခြားသူတွေ ဒုက္ခဖြစ်တယ်။  ဒီနေ့လည်း အဖမ်းအဆီး ပိုများလာတယ်။ ကျမ ဒီနေ့ အလုပ်သမားရုံးကို ရောက်တော့ အချုပ်ကား ကားသုံးစီးစာလောက် ဖမ်းထားတာ တွေ့ရတယ်” ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူဟု ဆိုသည့် Chai (အသက်၂၂နှစ်) ကို ချင်းမိုင်မြို့ အဝေးပြေး ကားဂိတ်တွင် ဖမ်းဆီးမိခဲ့ကြောင်း၊ Nui ဟု ခေါ်သောသူမှာ ထွက်ပြေး တိမ်ရှောင်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် မဲဂျိုးတက္ကသိုလ်အနီးရှိ အလုပ်သမား နေအိမ်တန်းလျားတွင် မြန်မာပြည်သား ဆောက်လုပ်ရေး အလုပ်သမားများနှင့်အတူ နေထိုင်ကြသူများ ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသွားသော ထိုင်းကျောင်းသူ (အသက်၂၂နှစ်) သည် မဲဂျိုး တက္ကသိုလ်တွင် စာရင်းကိုင် တတိယနှစ် သင်ကြားနေသူ ဖြစ်ပြီး၊ ကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ တိုက်ခန်းတခုတွင် နေထိုင်ခဲ့သည်ဟု သိရသည်။

၎င်းကျောင်းသူ၏ ရေချိုးခန်းတွင် အပေါက်တပေါက် ရှိပြီး ထိုအပေါက်ထဲမှ သူရေချိုးသည့် အချိန်တွင် ချောင်းမြောင်း ကြည့်ရှုလေ့ရှိသည်ဟု ယူဆရကြောင်း၊ တဦးတည်းရှိသည့် အချိန်တွင် သွားရောက်၍ မတရား ပြုကျင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတို့၏ ပြောဆိုချက်ကို ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများထဲတွင် ကိုးကား ဖော်ပြထားသည်။

၎င်းကျောင်းသူကို မတရားပြုကျင့်ပြီး၊ ခေါင်းအုံးဖြင့်ဖိ၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတို့က ယူဆကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်