နာဂစ်ဒေသ နာလန်ထူရေး ၃ နှစ် ကြာမည်

E-mail Print
နာဂစ် မုန်တိုင်းသင့် ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် သုံးနှစ် ကြာမြင့်မည် ဖြစ်ပြီး ဒေါ်လာ ၆၉၁ သန်း ကုန်ကျမည်ဟု အကူအညီ ပေးရေးအဖွဲ့ကြီး တခုက

တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

နာဂစ်ဒေသ ကူညီရေးအတွက် ကမ္ဘာ့ ကုလသမဂ္ဂ၊ အရှေ့တောင် အာရှ နိုင်ငံများ အသင်း၊ မြန်မာစစ်အစိုးရ တို့ဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

သုံးပွင့်ဆိုင်အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အရေးပေါ် ကယ်ဆယ်ရေး အခြေအနေမှ ပြန်လည် ထူထောင်ရေး အခြေအနေသို့ ကူးပြောင်းသည့် ကာလအတွက် လုပ်ငန်းစီမံချက် ကဏ္ဍ ၈ ခုကို ဖော်ပြထားသည်။ ကဏ္ဍ ၈ ခုတွင် ကျန်းမာရေး၊ အဟာရဖြစ်ထွန်းရေး၊ လူနေမှုဘဝများ တိုးတက် ကောင်းမွန်ရေး စသဖြင့် ပါဝင်သည်။

ကြေညာချက်တွင် သုံးပွင့်ဆိုင်အဖွဲ့၏ ဥက္ကဌ ဦးကျော်သူက "ဆိုင်ကလုံး တိုက်ခိုက်ပြီး နောက်ပိုင်း ကယ်ဆယ်ရေး၊ ထူထောင်ရေး လုပ်ငန်းများ အတွက် သုံးပွင့်ဆိုင်အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နာဂစ်အလွန် ပြန်လည်ထူထောင်ရေး နှင့် ကြိုတင် ပြင်ဆင်ရေး အစီအစဉ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း” ဟု ပြောကြားထားသည်။

ဦးကျော်သူကို ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရာထူးနေရာမှ ပြည်သူ့ဝန်ထမ်း ရွေးချယ် လေ့ကျင့်ရေး အဖွဲ့ ဥက္ကဌ ရာထူးသို့ မကြာသေးခင်က ရွှေ့ပြောင်း ခန့်အပ်ခဲ့သည်။

ဦးကျော်သူသည် သုံးပွင့်ဆိုင် ဥက္ကဌ အဖြစ် ဆက်လက် တာဝန်ယူထားသော်လည်း သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိပါ။

သုံးပွင့်ဆိုင်တွင် ဦးကျော်သူ လုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်များက ကြိုက်နှစ်သက်ခြင်း မရှိသဖြင့် ဝန်ကြီးအဆင့်နှင့် တန်းတူ ဖြစ်သော်လည်း အရေးပါမှု မရှိသော ရာထူးသစ်ကို ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ခန့်မှန်းကြသည်။

"တကယ်လို့ စစ်အစိုးရက သူ့ကို (ဦးကျော်သူကို) သဘောကျပြီး ရာထူး တိုးပေးမယ် ဆိုရင် နိုင်ငံခြားရေးဝန်ကြီး ဌာနထဲမှာပဲ တိုးပေးနိုင်တာပေါ့" ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဦးဝင်းမင်းက ပြောသည်။
"သုံးပွင့်ဆိုင်u ရှေ့မှာ ဘာတွေ ဆက်ဖြစ်လာဦးမယ် ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ဖို့တော့ လိုပါတယ်" ဟု ဦးဝင်းမင်းက ဆိုသည်။

သုံးပွင့်ဆိုင်၏ လုပ်ဆောင်မှုများအပေါ် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများက ချီးကျူးကြသည်။ ကျန်ဒေသများတွင် ကယ်ဆယ်ရေး စီမံကိန်းများ ချဲ့ထွင် လုပ်ဆောင်ရန် မြန်မာစစ်အစိုးရ၏ ပူးပေါင်း ဆောင်ရွက်မှု ရလာလိမ့်မည် ဟုလည်း မျှော်လင့်ထားကြသည်။

နာဂစ်ဒေသအတွက် ကူညီ လှူဒါန်းခဲ့သည့် ဥရောပ ကော်မရှင်ကလည်း သုံးပွင့်ဆိုင် အဖွဲ့၏ စီမံချက်များကို  ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

"(မြန်မာ) အစိုးရနဲ့ အလှုရှင် လူမှု အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်ခဲ့လို့ လူ့အသက်ပေါင်း မြောက်များစွာကို ကယ်တင်နိုင်ပြီး ဒုက္ခ ဝေဒနာ ခံစားမှုတွေကနေ ကာကွယ်ပေးနိုင်ခဲ့တယ်" ဟု ကြေညာချက်တွင် ပြောကြားထားသည်။

လွန်ခဲ့သည့်နှစ် မေလအတွင်းက မြန်မာပြည်တွင် တိုက်ခိုက်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄ဝဝဝဝ ခန့် သေကြေ ပျောက်ဆုံးခဲ့ရပြီး ၂.၄ သန်း အိုးအိမ်မဲ့ အခြေပျက် ဖြစ်ခဲ့ရသည်။ ဆိုးဆိုး ရွားရွား ထိခိုက်ခဲ့သည့် ဒေသမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည်။

မုန်တိုင်းတိုက်ပြီး ၁ လ အကြာ ၂ဝဝ၈ခုနှစ် မေ ၃၁ ရက်နေ့တွင် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ကို ဖွဲစည်းခဲ့သည်။

သုံးပွင့်ဆိုင်အဖွဲ့က ယခုနှစ် ဧပြီလအထိ သုံးစွဲရန် နိုင်ငံတကာသို့ ဒေါ်လာ ၄၇၇သန်း အလှူခံထားသည်။ သို့သော်လည်း ယခုအချိန်အထိ ဒေါ်လာ ၃ဝ၉သန်း သာ ရရှိပြီး ဖြစ်သည်။

ဤအခြေအနေတွင် သန်း ၇ဝဝ နီးပါး ကုန်ကျမည့် သုံးနှစ်စီမံကိန်း ရေးဆွဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် နိုင်ငံတကာအစိုးရများ ဘဏ္ဍာရေး အခက်အခဲဖြစ်နေချိန်တွင် ဤစီမံကိန်း ပေါ်ထွက်လာခြင်းဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်