ပဲခူးရေကြီး၊ ရန်ကုန်-မန္တလေးကားလမ်း ပျက်

E-mail Print
မိုးကြီး၍ ပဲခူးမြစ်ရေ ပိုမိုမြင့်တက်လာကာ ပဲခူးမြို့အတွင်းမှ ဖြတ်သန်းသွားသည့် ရန်ကုန်-မန္တလေးကားလမ်းပေါ်သို့ ရေကျော် လာသည့်အတွက် ယာဉ်သွားလာမှု ရပ်ဆိုင်းထားကြောင်း သိရသည်။ bagowather

ပဲခူးမြို့ခံတဦးက “ရန်ကုန်ဘက်ထွက်တဲ့ ကားလမ်းမှာ မနေ့ညကစပြီး ရေက ပေါင်လည်လောက်တက်လာလို့ အဝေးပြေးကားတွေ မသွားတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မော်လမြိုင်၊ သထုံ၊ ဘားအံ-ရန်ကုန် အမြန်ကားများမှာလည်း ယခုအခါ ပဲခူးမြို့အတွင်းသို့ ၀င်ရောက်နိုင်ခြင်း မရှိတော့ကြောင်း၊
ကုန်ကားကြီးများ၊ လယ်ထွန်စက်များဖြင့် ပဲခူးမြို့မဈေးကြီး အရှေ့မှနေ၍ ရေလွတ်သည့်နေရာအထိ ခရီးသည်များနှင့် ကုန်ပစ္စည်းများကို သယ်ယူပေးနေကြောင်းလည်း ဆက်လက်ပြောသည်။

ပဲခူးမြစ်ရေသည် ယခုအခါ ပဲခူးမြို့အဝင် မြစ်ကူးတံတား သံပေါင်အောက်ခြေသို့ ထိလုထိခင် ရောက်ရှိနေကြောင်း၊ ပဲခူးမြို့မ ဈေးကြီးအတွင်း ရေများ ၀င်ရောက်နေပြီး၊ ဇိုင်းဂနိုင်း (တောင်/မြောက်)၊ ကျွန်းသာယာ၊ မဇင်း၊ ကျောက်တွင်းကုန်း၊ ရေကြီးကွင်း၊ ကျောက်ကြီးစု စသည့် ရပ်ကွက်ကြီးများတွင်လည်း ရေများ ၀င်ရောက်နေကြောင်းသိရသည်။

ထို့အပြင် ပဲခူးချောင်းဖျားရှိ ဘောနက်ကြီး၊ ၀င်းကရင်၊ ၀င်းလိုက်ကြီး စသည့်ဒေသများတွင် စာသင်ကျောင်းများ ပိတ်ထားရသည်ဟု  ပဲခူးမြို့ခံက ဆိုသည်။

ပဲခူးအနီးပတ်ဝန်းကျင် ဒေသများဖြစ်သည့် ဘုရားကြီး၊ ကတုတ်၊ ဝေါ၊ မြစ်ကျိုး စသည့် ပဲခူး-စစ်တောင်း တူးမြောင်း တလျှောက်ရှိ ဒေသများတွင်လည်း ရေလျှံနေကြောင်း ဝေါမြိုခံတဦးက ပြောသည်။

“ရေတွေက ပင်လယ်လို ဖြစ်နေပြီ။ ခင်တန်းလောက်ပဲ မမြုပ်တာ။ ဒီတချီတော့ လယ်သမားတွေ ဆုံးရှုံးတာပိုများတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရေမြုပ် ဧရိယာများသည် ပဲခူးကွင်းဟု နာမည်ကြီးသည့် ဆန်စပါး အဓိကစိုက်ပျိုးရာ ကျေးရွာများဖြစ်သည်။

အလားတူ တောင်ငူမြို့တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်းစွာ ဆက်တိုက်ရွာသွန်းသည့် အတွက် စစ်တောင်းမြစ်ရေ မြင့်တက်လာကာ တောင်ငူအရှေ့ခြမ်းရှိ မိုကောင်း၊ ကာချောင်း၊ မြောက်ဘက်ခြမ်း ထီးလှိုင်နယ်မြေ၊ ရပ်ကွက် ၁၉၊ ၂၀၊ ရှမ်းစုကြီး စသည့် ဒေသများတွင် ရေကြီးနေကြောင်း၊ ထိုအတွက် မူလတန်းကျောင်း ၂၀ ကိုလည်း ပိတ်ထားရကြောင်း၊ တောင်ငူမြို့ခံတဦးက ဆိုသည်။

ယခုအခါ အိမ်ထောင်စုပေါင်း ၂၃၀၊ လူဦးရေ ၁၀၇၄ ဦး ရေဘေးသင့်ကြောင်း၊ အဆိုပါ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးစခန်းများကို စာသင်ကျောင်းများ၊ ဘုရား၊ တန်ဆောင်း၊ ဓမ္မာရုံများတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဖွင့်လှစ်ထားကြောင်း သိရသည်။

ရေဘေးသင့် ပြည်သူများကို အစိုးရအာဏာပိုင်များက ကူညီမှုများ မရှိသေးကြောင်း၊ ယနေ့တွင် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက  မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့ သောကြာနေ့က ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ၀န်ကြီးများ အဆိုပါ ဒေသသို့ သွားရောက်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း ပဲခူး၊ ညောင်လေးပင်၊ ရွှေကျင်၊ သနပ်ပင်မြို့နယ်၊ ဒိုက်ဦးမြိုနယ်၊ က၀မြို့နယ်နှင့် ဆက်စပ်နေသည့် သုံးခွ၊ ခရမ်း မြို့နယ်များတွင် စစ်တောင်းမြစ် ရေကြီးသည့်အတွက် စိုက်ပျိုးပြီး စပါးဧက ၃သောင်းခန့် ဆုံးရှုံးခဲသေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်