ရှမ်းဒုက္ခသည်များ အကူအညီပြတ်

E-mail Print
ရှမ်းဒေသ စစ်ပြေး ဒုက္ခသည် ၃၀၀၀၀ ကျော်အတွက် စားနပ် ရိက္ခာ၊ သောက်သုံးရေနှင့် အမိုးအကာများ ရရှိရန် နိုင်ငံ တကာ အကူအညီ လိုအပ်နေကြောင်း လူ့အခွင့်အရေး အဖွဲ့ ၂ ခုက ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။

SSA_NEWs_THOOမတ်လက စတင်ခဲ့သော ရှမ်းဒေသရှိ တိုက်ပွဲများကြောင့် မြို့နယ် ၉ ခုမှ ဒေသခံ အများအပြား တရုတ်နယ်စပ်၊ ထိုင်းနယ် စပ်နှင့် တောတောင်များထဲတွင် ခိုလှုံနေရသည်ဟု ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားမှု ဆောင်ရွက်ရေး အသင်း (SWAN) နှင့် ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းတို့ ပူးတွဲထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံတကာ အကူအညီများ မရောက်ရှိနိုင်သည့် အတွက် ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါး ပြတ်လပ်ခြင်း၊ အမိုးအကာ လုံလောက်မှု မရှိခြင်း တို့နှင့် ရင်ဆိုင်နေရကြောင်း၊  ဝမ်းလျှော ဝမ်းပျက်၊ ငှက်ဖျားစသည့် ရောဂါများ ဖြစ်ပွားပြီး သေဆုံးရသည့် သက်ကြီးရွယ်အိုနှင့် ကလေးငယ် ၂၄ ဦး ရှိပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နောက်ထပ် အသက်များစွာ မဆုံးရှုံးခင် ဒီ လူသားချင်း စာနာမှု အထောက်အကူတွေ လိုအပ်နေတယ်၊ နိုင်ငံတကာ အလှုရှင်တွေ အမြန်ဆုံး တုံ့ပြန်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု SWAN အဖွဲ့မှ နန်းဆိုင်မွန်းက ပြောသည်။

မြန်မာ အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုများ ရှိနေသည့် အတွက် စစ်ပြေး ဒုက္ခသည်များအတွက် အကူအညီကို ထိုင်းမြန်မာ နယ်စပ်မှ တဆင့် ပေးမှသာလျှင် ထိရောက်မည်ဟု သူက ဆိုသည်။

ရှမ်းပြည်နယ်မှ စစ်ပြေး ဒုက္ခသည်များအကြောင်း သတင်းထုတ်ပြန်သည့် အဖွဲ့ ၂ ဖွဲ့သည် ထိုဒေသအတွင်း လူ့အခွင့်အရေး အခြေများကို စုံစမ်း၊ မှတ်တမ်းတင်သော အဖွဲ့များ ဖြစ်သည်။

ဤအတောအတွင်း ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

ဗုဒ္ဓဟူးနေ့က ရှမ်းပြည် တပ်မတော် (SSA) တောင်ပိုင်း  နှင့် မြောက်ပိုင်း တပ်ဖွဲ့များ ပူးပေါင်း၍ ကျေးသီးမြို့နှင့် မိုင်းနောင်မြို့ ကားလမ်းပေါ်ရှိ ၀မ့်ဟိန်ကျေးရွာတွင် လှုပ်ရှားနေသော အစိုးရတပ်များကို ခြုံခို တိုက်ခိုက်ခဲ့ကြောင်း SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလှက ဧရာဝတီကို ပြောသည်။

“ကျနော်တို့က စောင့်တိုက်တယ် ဆိုတော့ ထိခိုက်မှု မရှိပါဘူး၊ သူတို့ဘက်က ၄ ယောက်ကျပြီး ၆ ယောက် ဒဏ်ရာရသွားတယ်” ဟု သူက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နှစ်ဖက်စစ်သည် အင်အား ၅၀ ခန့်ရှိကြောင်း၊ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားသည့် သတင်း မကြားမိကြောင်း ဗိုလ်မှူး စိုင်းလှက ဆက်ပြောသည်။

SSA တောင်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မပြုဖူးသည့် အဖွဲ့ဖြစ်သည်။ မကြာသေးမီက SSA တောင်ပိုင်း နှင့် မြောက်ပိုင်းသည်  နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။

အာဏာပိုင်တို့က ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီကပင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး ကြိုးပမ်းခဲ့သည်။ ထိုအစီအစဉ်ကို လက်မခံသည့် အဖွဲ့ထဲတွင် SSA  မြောက်ပိုင်းလည်း ပါဝင်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်