ခွန်ဆာ၏တပည့် ၃ ဦး ထိုင်းတွင် အဖမ်းခံရ

E-mail Print
ကွယ်လွန်သူ ဘိန်းဘုရင်ခွန်ဆာ၏ နောက်လိုက်ဟု ယူဆရသူ သုံးဦးကို ဘတ်ငွေ ၁၁၇ သန်း (ဒေါ်လာ ၃.၃သန်း) တန် ပိုင်ဆိုင်မှုများနှင့် အတူ ထိုင်းနိုင်ငံတွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့၏ တောင်းဆိုချက်အရ ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာန (DSI)က ၎င်းတို့ သုံးဦးကို ယမန်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု တရားရေးဝန်ကြီး Pirapan Salirathavibhaga ကို ကိုးကားပြီး ဘန်ကောက်ပို့စ်တွင် ရေးသားထားသည်။

ချင်းမိုင်မြို့တွင် ဖမ်းမိသူ Charnnarong Muser နှင့် ဘန်ကောက်မြို့တွင် ဖမ်းမိသူ Vicharn Suthipan တို့ က မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် ပတ်သက်မှုမရှိဟု ငြင်းဆိုကြကြောင်း၊ ချင်းရိုင်ခရိုင်တွင် ဖမ်းမိသူ Peerayuth Patsakon ကမူ ပြီးခဲ့သည့်နှစ်အတွင်း ဘိန်းဖြူ ၇၅ဝ ကီလိုဂရမ် နှင့် Ice ဟုခေါ်သည့် စိတ်ကြွဆေးများကို ရောင်းချခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း တရားရေးဝန်ကြီးက ပြောသည်။

ချင်းမိုင်မြို့တွင် ဖမ်းဆီးရမိသူ Charnnarong သည် ဦးခွန်ဆာ၏ ဆွေမျိုးတော်စပ်သူတဦးဖြစ်သည်၊ မကြာသေးမီက မူးယစ်ဆေးဝါးအမှုဖြင့် အမေရိကန်ပြည်ထောင်စုတွင် ထိန်းသိမ်းခံထားရရာမှ ပြန်လည် လွတ်မြောက်လာသူဖြစ်သည်ဟု DSI ဒုတိယ အကြီးအကဲ  Dusadee Arayawut က ဆိုသည်။

ဘိန်းဘုရင် ဦးခွန်ဆာသည် ၂ဝဝ၇ ခုနှစ်က ရန်ကုန်တွင် ကွယ်လွန်ခဲ့သူဖြစ်သည်။

ဦးခွန်ဆာသည် ၁၉၆၃ ခုနှစ်က ပြည်သူ့စစ် အဖွဲ့တခုကို ရှမ်းပြည်နယ်တွင် ဖွဲ့စည်းခဲ့သည်။ အစိုးရကလည်း ဦးခွန်ဆာ၏အဖွဲ့ကို လက်နက်နှင့်အကူအညီများ ပေးပြီး ရှမ်းသူပုန်များကို တိုက်ခိုက်စေခဲ့သည်။

နှစ်အနည်းငယ်အကြာတွင် ဦးခွန်ဆာက သူ၏ ပြည်သူ့စစ်အဖွဲ့ကို ညီညွတ်သော ရှမ်းပြည်တပ်မတော်ဟု အမည်ပြောင်းလိုက်ပြီး မူးယစ်ဆေးဝါးကုန်ကူးသည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ၊ ထိုင်း၊ လော နိုင်ငံများ ဆုံဆည်းသည့် ရွှေတြိဂံဒေသ၏ မူးယစ်ရာဇာကြီးတဦး ဖြစ်လာသည်။

၁၉၉၆ တွင် ဦးခွန်ဆာက မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သည်။ အမေရိကန်ပြည်ထောင်စုက ဦးခွန်ဆာအား မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးလိုပြီး၊ ထိုသို့ ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ ၂ သန်း ပေးမည်ဟု ကြေညာခဲ့သောကြောင့် လက်နက်ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်နက်ချပြီးနောက် ဦးခွန်ဆာသည် ရန်ကုန်တွင် အကျယ်ချုပ်ဘဝဖြင့် နေခဲ့ရသည်ဟု သိရသည်။ အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်