ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ဆက်ဆံရေး ကောင်းမွန်ရမည်

E-mail Print
စစ်အစိုးရက ကြံ့ဖွံ့အဖွဲ့ဝင်များ အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်အရွေးချယ် ခံခိုင်းမည့် ကိုယ်စားလှယ် လောင်းများကို အများပြည်သူနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ရန် မကြာသေးခင်က ညွန်ကြား ထားကြောင်း သိရသည်။

နိုင်ငံရေးပါတီထောင်၍ ရွေးကောက်ပွဲဝင်ရန်လျာထားသည့် ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် အစိုးရလိုလားသူများကို အများပြည်သူများအကြားတွင် ဆက်ဆံရေး ကောင်းမွန်စွာဖြင့် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ရန် ညွှန်ကြားထား ခြင်းဖြစ်သည်ဟု ကြံ့ဖွံ့အဖွဲ့နှင့် နီးစပ်သူများက ပြောပြသည်။

“အထူးသဖြင့် ရွေးကောက်ပွဲဝင်မယ့် ပါတီခေါင်းဆောင်နေရာက လူတွေအနေနဲ့ အများပြည်သူနဲ့ ရင်းရင်းနှီးနှီး နေထိုင် ဆက်ဆံဖို့၊ ရန်သူဖြစ်ပါစေ ဆက်ဆံရေးကောင်းအောင်လုပ်ရမယ် ဆိုတဲ့သဘောမျိုး ညွန်ကြားထားတာ” ဟု ကြံ့ဖွံ့အဖွဲ့နှင့် နီးစပ်သူ တဦး ကပြောသည်။

ယမန်နှစ်က စတင်ပြီး ကြံ့ဖွံ့အဖွဲ့ခေါင်းဆောင်ပိုင်းများနှင့် အဖွဲ့ဝင်များကို နိုင်ငံရေးပါတီအသွင်ပြောင်း၍ ဖွဲ့စည်း ရန် အစီအစဉ် ပြုလုပ်ခဲ့ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဆန်းကာလမှ စတင်ပြီး နိုင်ငံတ၀န်းရှိ ကြံ့ဖွံ့ အဖွဲ့ဝင်များထဲမှ ရွေးချယ်ထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူအများလေးစားယုံကြည်ခံရသူများကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်မှုများ ပြုလုပ်ကြောင်းလည်း ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ အတွက် အာဏာပိုင်များက ကြံ့ဖွံ့အလံများထူ၍ ဆောက်လုပ်ရေးလုပ်ငန်းများ၊ လမ်းပြင် လမ်းခင်းခြင်း လုပ်ငန်းများကို နိုင်ငံတ၀န်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ယခုအပတ်အတွင်း နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၁၈ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနိုင်ငံရေး လှုပ်ရှားမှု ရည်ရွယ်ချက်ဖြင့် အသင်းသားစည်းမျဉ်း ဆိုင်ရာ တချို့ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ကြောင်း ယင်း အစည်းအဝေးတက်ရောက်ခဲ့သူ တဦးကပြောသည်။

ရွေးကောက်ပွဲ ဥပဒေကို လာမည့် မေလနှင့် ဇွန်လများအတွင်း ထွက်ရှိနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေ သော်လည်း အစိုးရလိုလားသည့် တသီးပုဂ္ဂလသမားများက ၎င်းတို့ချင်း ချိတ်ဆက်၍ ရွေးကောက်ပွဲအတွက် ပြင်ဆင်လှုပ်ရှား မှုများ ပြုလုပ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက် ၆၄ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ထည့်သွင်းပြောကြားထားသည်။

မိန့်ခွန်းတွင် “ပါတီ စည်းရုံးရေးကို ဆောင်ရွက်ရာမှာ ဆူပူမှုကို လှုံ့ဆော် ဖန်တီးခြင်း မပြုဖို့၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက် မှု၊ ပါတီချင်း ပုတ်ခတ်မှုတွေကို ရှောင်ရှားပြီး အချင်းချင်း သည်းခံခွင့်လွှတ် နားလည်ပေးခြင်းအားဖြင့် ကွဲပြားခြား နား မှုများအကြားမှာ စည်းလုံးညီညွတ်ဖို့ သင့်ကြောင်း အလျင်းသင့်လို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ပြောဆိုထား သည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆက်လက်ပြီး“ပြည်ထောင်စုမပြိုကွဲရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ထိပါးခြင်း မရှိအောင် စောင့်ရှောက်ကြရမယ်”ဟုလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဓိကအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြန်လည် သုံးသပ်ရန် တောင်းဆိုထားပြီး ၂၀၁၀ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ယခုအချိန်အထိ ထုတ်ပြန်ကြေညာခြင်း မပြုသေးပေ။

ရခိုင်အမျိုးသားခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်ကလည်း ယခုဖွဲ့စည်းပုံအခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်မှု မပြုလုပ်ပါက မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရန်မဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ဒီမိုကရေစီ နိုင်ငံ ထူထောင်မယ်ဆိုရင် ဒီဖွဲ့စည်းပုံနဲ့ ထူထောင်လို့ မရဘူး”ဟု ၎င်းက ဆိုသည်။

ယင်းအခြေခံ ဥပဒေ၌ ပါလီမန်တွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း နေရာ ရယူမည်ဖြစ်ကြောင်း သတ်မှတ် ရေးဆွဲ ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်