စီးပွားရေး လုပ်ငန်းရှင်များ ရွေးကောက်ပွဲ ၀င်ရန်ပြင်ဆင်

E-mail Print
စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက ပါဝင်ယှဉ် ပြိုင်နိုင်ရန် ပြင်ဆင်မှုများ စတင်ပြုလုပ် နေပြီ ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချူပ်( UMFCCI )သည် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် စီးပွားရေးလုပ်ငန်းရှင်များရှိနေသောကြောင့် ယခုအပတ်အတွင်း နေပြည် တော်တွင် ကျင်းပသည့် နှစ်ပတ်လည် အစည်းအဝေးတွင် အသင်းဝင် စည်းမျဉ်းစည်းကမ်းတချို့ကို ပြန်လည် ပြင်ဆင်မှု ပြုလုပ်ကြောင်း UMFCCI ၏ အထွေထွေအတွင်းရေး မှုးဦးစိန်ဝင်းလှိုင်က ပြောသည်။

UMFCCI စတင်ဖွဲ့စည်းချိန်က အသင်းဝင် စီးပွား ရေးလုပ်ငန်းရှင်များသည် နိုင်ငံရေးပါတီတခုခု၏ အဖွဲ့ဝင်သော် လည်းကောင်း ၊ ထိပ်တန်းဦးဆောင်သူ သော်လည်းကောင်း မဖြစ်စေရဆိုသည့်သတ်မှတ်ချက်ကိုပြင်ဆင် ပယ်ဖျက်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“နေပြည်တော်မှာကျင်းပတဲ့ ၁၈ ကြိမ်မြောက် အသင်းချူပ်အစည်းအဝေးမှာ အသင်းကစီးပွားရေးလုပ်ငန်းရှင်တွေ လာမယ့်၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်နိုင်အောင်အသင်းချူပ်ရဲ့စည်းမျဉ်စည်းကမ်း တွေကိုပြင်ဆင်ပေးမယ်။ အဓိ က ပြင်ဆင်မှာကအသင်းစည်းမျဉ်း အပိုဒ် ၂၈ အပိုဒ်ခွဲ (ဈ) နဲ့ အပိုဒ် ၃၀ အပိုဒ်ခွဲ (ဇ)မှာပါတဲ့ အသင်းဝင်တွေက နိုင်ငံရေးပါတီဝင်တွေမဖြစ်ရဘူးဆိုတဲ့အချက်ကိုပြင်ဆင်တာ”ဟု လည်း ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးက ပြောသည်။

အဆိုပါ စည်းကမ်းချက်ကိုပြင်ဆင်လိုက်ပါက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်လိုသော အသင်းဝင်စီးပွားရေး လုပ်ငန်းရှင်များ လွတ်လပ်စွာ ရွေးကောက်ပွဲဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

“ရွေးကောက်ပွဲဝင်ချင်တဲ့ အသင်းဝင်တွေ အကုန်လုံးရွေးကောက်ပွဲဝင်လို့ရမယ်။ ဘာမှ အနှောင်အဖွဲ့မရှိ လွတ် လွတ်လပ်လပ်ပါတီနိုင်ငံရေးလုပ်လို့ရတော့မယ်”ဟု မန္တလေးမြို့ခံစီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။

ထိုသို့ UMFCCI အသင်းဝင်စီးပွားရေးလုပ်ငန်းရှင်များကို ၂၀၁၀ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခြင်း ကြောင့် အစိုးရသြဇာခံ နိုင်ငံရေးသမားများ ရွေးကောက်ပွဲ၌ ပါဝင်လာဖွယ်ရှိကြောင်း ရန်ကုန်စီးပွားရေးသတင်း ရပ်ကွက်တွင် ပြောဆိုနေကြသည်။

တချို့သော လေ့လာသူများကလည်း ယခုကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များ ရွေးကောက်ပွဲ ၀င်ရန် အတွက် စစ်အစိုးရက ဖိအားပေးခြင်းဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်သည်။

“UMFCCI ဆိုတာ စစ်အစိုးရက ဦးစီးဖွဲ့ပေးခဲ့တာ။ အသင်းမှာရှိနေတဲ့ ထိပ်တန်းတာဝန်ရှိသူ တွေကလည်း အစိုးရ နဲ့ အင်မတန်မှအပေးအယူကောင်းတဲ့ ဆက်ဆံရေးရှိတဲ့သူတွေပါ။ အခုဒီလိုလူမျိုးတွေကရွေးကောက်ပွဲ ၀င်မယ် ဆိုတော့ စစ်အစိုးရအတွက် အင်အားတရပ်ဖြစ်မလာဘူးလို့ ပြောလို့မရဘူး”ဟု အသက် ၅၀ ကျော်အရွယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတဦးကပြောသည်။

UMFCCI ၏ ဥက္ကဌ ဦးဝင်းမြင့်မှာ ရွှေဘိုခရိုင် ၊ တန့်ဆည်နယ်သားဖြစ်ပြီး ၄င်းနယ်ကိုယ်စားပြုကာ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟုပြောဆိုနေကြောင်း အသင်းအလုပ်မှုဆောင်တဦးကလည်း ပြောသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၈၃၀၀ ကျော် ဖြင့် ဖွဲ့စည်းထားသော UMFCCI ကို၁၉၈၉ ခုနှစ်တွင် ကုန်သည် ကြီးများအသင်းအနေဖြင့် စတင်ဖွဲ့စည်း ခဲ့ပြီး ၁၉၉၉ခုနှစ်တွင် အစိုးရက တရားဝင်အသိအမှတ်ပြု အသင်းအဖွဲ့ကြီး ဖြစ်လာသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်