နာဂစ်ဒေသ အကူအညီ “အကြီးအကျယ်” လိုအပ်

E-mail Print
နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး တနှစ် ပြည့်တော့မည့် အချိန်တွင် ဒုက္ခသည်များ အတွက် သောက်သုံးရေ အပါအ၀င် အကူအညီ အထောက်အပံ့များ အကြီးအကျယ် လိုအပ်နေဆဲဖြစ် သည်ဟု ကယ်ဆယ် ကူညီရေး အဖွဲ့များထံမှ သိရသည်။

မုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ်ရှိ လပွတ္တာမြို့နယ် နှင့် ငပုတော မြို့နယ် ဆင်ခြေဖုံး ဒေသများတွင် နေထိုင်သူ ၂၄၀ ၀၀၀ ကျော်အတွက် ရေသန့် လုံးဝ မရှိသေးကြောင်း Save the Children  အဖွဲ့ မြန်မာပြည် ဆိုင်ရာ ညွှန်ကြားရေးမှူး Andrew Kirkwood က ပြောသည်။

မိဘမဲ့ ကလေးငယ် အများအပြား ဘုန်းကြီးကျောင်းများ၊ ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း Andrew Kirkwood က ရှင်းပြသည်။

မုန်တိုင်းဒဏ် သင့်ခဲ့သူများ အထူးသဖြင့် မြစ်ဝကျွန်းပေါ် ဒေသ အနောက်တောင်ပိုင်းရှိ ဒုက္ခသည်များ၏ ဘ၀ ပြန်လည် နာလန်ထူရေး အတွက် နှစ်အတော်ကြာ အချိန်ယူရမည်ဟု Andrew Kirkwood က ခန့်မှန်းထားသည်။

ယမန်နေ့က နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး ဆိုင်ရာ အစည်းအဝေးတခုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာပြည် ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်၊ ကုလ သမဂ္ဂ စားနပ် ရိက္ခာအဖွဲ့ နှင့် ဟော်လန်အခြေစိုက် နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့ တို့၏ မြန်မာပြည် အခြေစိုက် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် နာဂစ် ဒေသသို့ ရိုက်ခတ်မည့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ သက်ရောက်မှုများကို ဦးစားပေး ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်များတွင် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ၊ နာဂစ် ဒုက္ခသည်များအတွက် နိုင်ငံတကာ၏ ထောက်ပံ့မှုများ လုံလောက်မှု ရှိ မရှိ စသည့် အကြောင်းအရာများလည်း ပါဝင်သည်။

ဤအတောအတွင်း ဥရောပ နိုင်ငံများက မြန်မာပြည်သို့ အကူအညီ ပေးမည့် အစီအစဉ်များ ဆက်လက် ပြုလုပ်ရန် အဆင်သင့် ရှိနေကြောင်း ပြောကြားလိုက်သည်။

မြန်မာပြည်သို့ အကူအညီများ ပိုမို ပေးအပ်ရန် အသင့် ဖြစ်နေပြီဟု ဥရောပ ကော်မရှင်၏ ဥရောပ အကူအညီ ပေးရေး ညှိနှိုင်း ဆောင်ရွက်မှု အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Koos Richelle က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

သို့သော်လည်း မြန်မာနိုင်ငံ အနေဖြင့် အလွန်အမင်း လိုအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများအတွက် အလှူရှင်များနှင့် တွေ့ဆုံ ဆွေးနွေးရမည်ဟု Koos Richelle က ပြောသည်။

ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ပတ်သက်ပြီး စစ်အစိုးရက ဆွေးနွေးရန် လက်ခံခြင်း မရှိသဖြင့် အကူ အညီ ပေးရေး လုပ်ငန်းများ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

“ပြင်ပကမ္ဘာနဲ့ ခပ်ကင်းကင်းနေတတ်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါတယ်” ဟု Koos Richelle က ဖိလစ်ပိုင်နိုင်ငံတွင် ၂ရက်ကြာ ပြုလုပ်သည့် အာရှ-ဥရောပ အစည်းအဝေးတွင် ပြောလိုက်သည်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ပြီးခဲ့သည့်နှစ် မေလ ၂ ရက်နေ့က နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်ခဲ့ရာ လူအသေအပျောက် ၁၄၀ ၀၀၀ ကျော် ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်