ဘန်ကောက် မေဒေး ချီတက်ပွဲတွင် မြန်မာအလုပ်သမားများ ပါဝင်

E-mail Print
ယနေ့ ကျရောက်သော (၁၁၉) ကြိမ်မြောက် ကမ္ဘာ့ အလုပ်သမားနေ့ (မေဒေးနေ့) နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝန်ကြီးချုပ်ရုံးရှေ့တွင် အလုပ်သမား သုံးသောင်းကျော် ချီတက်ဆန္ဒပြကြရာ မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးရာ ခန့် ပါဝင် ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများသည် ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ဘဝလုံခြုံရေးနှင့် လုပ်ခလစာ တိုးမြှင့်ရေးများအပါအဝင် အလုပ်သမား အခွင့်အရေးများကို တောင်းဆို ဆန္ဒပြခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်သည့် ထိုင်းအလုပ်သမားအဖွဲ့( Thai Domestic Workers’ Association) ခေါင်းဆောင် Mr. Bundit Pawwiset က ပြောသည်။

“ဒီနေ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေက ဝန်ကြီးချုပ်ရုံးကိုလာပြီး စုပေါင်း ချီတက် ဆန္ဒပြရတာက ထိုင်းအလုပ်သမား ဥပဒေမှာ ကျန်းမာရေးနဲ့ အသက်အာမခံကိစ္စတွေ ဘဝလုံခြုံရေး ကိစ္စတွေနဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ မှတ်ပုံတင်အသစ် ပြုလုပ်ပေးရေး၊ ထိုင်းအလုပ်သမား ကာကွယ် စောင့်ရှောက်ရေး ဥပဒေ စောင့်ရှောက်မှုအောက်မှာ လုံခြုံစွာနေထိုင်နိုင်ရေး စတဲ့ အခွင့်အရေးတွေကို တောင်းဆိုကြတာပါ” ဟု ၎င်းက ပြောဆိုသည်။

ယင်းဆန္ဒပြ အလုပ်သမားများသည် သက်ဆိုင်ရာသမဂ္ဂ ကိုယ်စားပြု အရောင်များကို ဝတ်ဆင်ကာ ချီတက် ဆန္ဒပြကြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဆန္ဒပြသူများထဲမှ မြန်မာရွှေ့ပြောင်းအလုပ်သမ မနွေးနွေးက“ ကျမတို့ အိမ်အလုပ်လုပ်သူတွေက ထိုင်း အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှု မရှိဘူး။ ဒါကြောင့် အခက်အခဲတွေ ဖိနှိပ်မှုတွေများစွာနဲ့ ရင်ဆိုင်ရတယ်။ ဒီအလုပ်ကိုလည်း ထိုင်းအစိုးရက အတတ်ပညာနဲ့ ဆက်စပ်ပြီးလုပ်ရတဲ့ အလုပ်လို့မမြင်ဘူး။ ဒီလိုပဲ အလုပ်ရှင်အများစုကလည်း ကျမတို့ကို အဆင့်အတန်းခွဲခြား ဆက်ဆံတယ်။ နှိမ်တယ်။ အဲဒီအတွက် ကျမတို့ အနေနဲ့ ထိုင်းအလုပ်သမားကာကွယ်ရေး ဥပဒေအောက်မှာ အလုပ်လုပ်လိုတဲ့အတွက် လာရောက်ဆန္ဒပြခြင်း ဖြစ်တယ်” ဟု ပြောဆိုသွားသည်။

National Christian Catholic Misson မှ ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ခံ ကိုသန်းဖေကလည်း“ကျနော်တို့ အလုပ် သမားတွေ ထိုင်းအလုပ်သမား ကာကွယ်ရေးဥပဒေရဲ့အောက်မှာ အတူယှဉ်တွဲလုပ်ကိုင်ကြဖို့ ရွှေ့ပြောင်းအလုပ်သမား တွေ ကို လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရဖို့အတွက် လာရောက်ဆန္ဒပြခြင်း ဖြစ်တယ်”ဟု ပြောပြသည်။

အလားတူ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဦးဆောင်၍ မြန်မာအလုပ်သမား (၁၅ဝ)ခန့်က ထိုင်းနိုင်ငံ ဗဟိုအမျိုးသား သွေးလှူဘဏ်၌ မေဒေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ကြသည်။

ယခုသွေးလှူဒါန်းပွဲသည် ရောင်ခြည်ဦးအဖွဲ့ အနေဖြင့် ငါးကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအဖွဲ့မှ သွေးလှူရှင် မောင်မိုးနိုင်က“ကျနော်တို့တွေ မေဒေးနေ့နဲ့ ရွှေ့ပြောင်းအလုပ်သမားနေ့တိုင်း တနှစ်ကို နှစ်ကြိမ် ဒီနေရာမှာလာပြီး သွေးလှူတယ်။ ရည်ရွယ်ချက်ကတော့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျနော်တို့လို ဘဝတူ အလုပ်သမားတွေ အကြပ် အတည်းမှ လွတ်မြောက်စေဖို့၊ သွေးအခက်အခဲ ဖြစ်နေတဲ့ ဝေဒနာရှင်တွေလည်း ပျောက်ကင်း သက်သာပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်လှူဒါန်းခြင်း ဖြစ်ပါတယ်”ဟု ထုတ်ဖော်ပြောဆိုသည်။

ကမ္ဘာ့အလုပ်သမားနေ့“မေဒေး”နေ့အဖြစ် ၁၈၈၉ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်များ ဒုတိယ အကြိမ် ညီလာခံမှ မေလ ၁ ရက်နေ့ကို သတ်မှတ်ပေးလိုက်ခြင်းဖြစ်ပြီး ထိုနေ့တွင် ကမ္ဘာတဝန်းရှိ အလုပ်သမားများက အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်များကို တောင်းဆိုဆန္ဒပြပွဲများပြုလုပ်ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်