နာဂစ် နှစ်ပတ်လည် သတင်းများ ဖော်ပြခွင့်မရ

E-mail Print
နာဂစ်မုန်တိုင်း နှစ်ပတ်လည် သတင်းဆောင်းပါး၊ ဓာတ်ပုံများကို မြန်မာပြည်တွင်းရှိ အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖော်ပြခွင့်မရကြောင်း သိရသည်။

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ နှင့် ပြည်တွင်း အန်ဂျီအို အဖွဲ့များ၏ နာဂစ်နှင့် ပတ်သက်သည့် ပြောကြားချက်များ ပါဝင်သည့် ရေးသားမှုများကို စစ်အစိုးရ စာပေစိစစ်ရေး ဌာနက တားမြစ် ပိတ်ပင် ထားခြင်း ဖြစ်သည် ဟု ပြည်တွင်း ဂျာနယ် သတင်းထောက်များနှင့် အယ်ဒီတာများက ပြောဆိုကြသည်။

“နာဂစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ၃၅ ရာခိုင်နှုန်းလောက် အပယ်ခံရတာ မကြာသေးဘူး” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ပြောဆိုသည်။

သူက ဆက်လက်ပြီး “မြန်မာပြည်က သတင်းသမားတွေဟာ စာဖတ် ပရိသတ် အတွက် သတင်းဦး သတင်းထူး ရေးသား ဖော်ပြနိုင်တဲ့ အခွင့်အရေး မရှိကြဘူး”ဟု ဆိုသည်။

စာပေစိစစ်ရေး အရာရှိများ ဖော်ပြခွင့်ပြုသည့် သတင်းများသည် အများအားဖြင့် အစိုးရနှင့် ပတ်သက်၍ အကောင်းမြင်သည့် ရေးသားမှုများသာ ဖြစ်သည်ဟုလည်း သူကပြောသည်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များနှင့် ပတ်သက်ပြီး အစိုးရအား ဝေဖန် ရေးသားခြင်း မပြုလုပ်ရန် သတင်းဂျာနယ် အယ်ဒီတာများကို စာပေစိစစ်ရေးက ညွှန်ကြားထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်နှစ် မေလ က နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်း ဒုက္ခသည်များကို အကူအညီ ပေးသူများနှင့် သတင်းထောက် စုစုပေါင်း၂၁ ဦးကို စစ်အာဏာပိုင်များက ဖမ်းဆီး အရေးယူခဲ့သည်။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မုန်တိုင်း အတွင်း လူပေါင်း ၁၄၀ ၀၀၀ ကျော် သေကြေ ပျောက်ဆုံးခဲ့ရသည်။

မကြာသေးခင်ကလည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္ဖရာ သတင်းဌာနမှ သတင်းသမားများ ဖြစ်သော ကိုမြတ်ထွန်း နှင့် ကိုခင်မောင်တို့ အဖမ်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း(AAPP)၏ ပြောဆိုချက်အရ သိရသည်။ လတ်တလောတွင် စာနယ်ဇင်းသမား အနည်းဆုံး ၅၀ ခန့် အကျဉ်းချခံထားရကြောင်းလည်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် စာပေစိစစ်ရေးက တင်းကျပ် တားမြစ်မှုများ လျှော့ပေးမည်ဟု ရန်ကုန် အခြေစိုက် သတင်းသမားတချို့က မျှော်လင့်နေကြသည်။

“ရွေးကောက်ပွဲပြီးရင် အစိုးရက စာပေ စိစစ်ရေးနဲ့ ပတ်သက်ပြီး လျှော့ချနိုင်တယ် လို့ မျှော်လင့်နေကြတယ်၊ အဲဒါသာ တကယ်ဖြစ်လာရင် အပတ်စဉ် ရင်ဆိုင်နေရတဲ့ ပြဿနာတွေ တော်တော် လျော့သွားမယ်”ဟု ရန်ကုန်မြို့ရှိ နာမည်ကြီး ဂျာနယ် တစောင်၏ ဒု အယ်ဒီတာချုပ် တဦးက ပြောသည်။  

အမေရိကန်နိုင်ငံ အခြေစိုက် စာနယ်ဇင်းသမားများ အကာ အကွယ် ပေးရေး အဖွဲ့ (CPJ) ကလည်း မြန်မာစစ်အစိုးရသည် စာနယ်ဇင်းသမားများနှင့် ဘလော့ဂါများကို ဖိနှိပ်ထောင် ချနေမှု၊ အင်တာနက် အသုံးပြုခြင်းအား တင်းကျပ်နေမှု တို့တွင် ကမ္ဘာ့အဆိုးဆုံး နေရာ၌ ရှိကြောင်း ဧပြီလ ၃၀ ရက်က ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်