ဒေါ်စု အယူခံ ပယ်ချခံရ

E-mail Print
အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား စစ်အစိုးရက ဆက်လက် ထိန်းသိမ်းထားခြင်းသည် ပြဌာန်းထားသည့် ဥပဒေ စည်းမျဉ်းများကို ကိုယ်တိုင် ချိုးဖောက်နေခြင်းဖြစ် ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တင်ပြတောင်းဆိုထားသော အယူခံလွှာအား ပယ်လိုက် ကြောင်း ပြီးခဲ့သည့်အပတ် သောကြာနေ့တွင် စစ်အစိုးရအာဏာပိုင်များက စာဖြင့် တရားဝင်အကြောင်းပြန်ခဲ့ သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

“စာက ဘယ်လိုရေးထားလည်း ဆိုတော့ အယူခံစိစစ်ရေး အဖွဲ့ဖွဲ့တယ်တဲ့၊ ဒါတွေက လုပ်ထုံး လုပ်နည်းတို့ ဘာ နည်းဥပဒေတို့ ဘာမှမပါဘူး၊ စိစစ်ရေးအဖွဲ့က အားလုံးစိစစ်ပြီးတော့ အကြံပေးတယ်တဲ့၊ အဲဒီ အကြံပေးချက် အပေါ်မှာ အခြေခံပြီးတော့ အစိုးရအဖွဲ့က ဥပဒေနဲ့အညီ ခိုင်လုံသော သက်သေအထောက်အထား မရှိ၍ ပယ် တယ်တဲ့၊ အဓိက အချက်က အဲဒါပဲ”ဟု ဦးကြည်ဝင်း ကပြောပြသည်။

ယင်းအယူခံလွှာပယ်သည့်စာကို အစိုးရကိုယ်စား ဗိုလ်မှူးကြီး သန့်ရှင်းက လက်မှတ်ထိုး အကြောင်းပြန်ခြင်းဖြစ်ပြီး နေပြည်တော်တွင်လာရောက်ယူရန် ဧပြီလ ၃၀ ရက်က သတင်းတပ်ဖွဲ့မှ ဆက်သွယ်သည့်အတွက် ၎င်း၏ တွဲဖက် ရှေ့နေ ကိုလှမျိုးမြင့်က မေလ ၁ ရက်နေ့တွင် သွားရောက် ယူခဲ့ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။   

အယူခံလွှာနှင့် ပတ်သက်ပြီး ၎င်းတို့အား ခေါ်ယူကြားနာခြင်းမရှိဘဲ တဖက်သတ်ဆုံးဖြတ်ခြင်းဖြစ်၍ လုပ်ထုံး လုပ်နည်း နှင့် မညီကြောင်း ဦးကြည်ဝင်းက ဆက်လက် ပြောကြားသည်။

“ကျနော်တို့ အမြင်ပြောရင်တော့၊ သူတို့က ကျနော်တို့ကို မခေါ်ဘူးဗျ၊ ကျနော်တို့နဲ့ ကြားနာခြင်းမရှိဘဲနဲ့သူတို့ဟာ သူတို့ပဲ ဆုံးဖြတ်လိုက်တာ၊ ဒါကို ကျနော်တို့ ဘဝင် မကျဘူး၊ ပယ်ချင်ပယ်ပေါ့၊ အမှန်စင်စစ် ကျနော်တို့ကိုတော့ မလွဲမသွေကြားနာရမယ်၊ တဘက်ကို မကြားနာချင်နေ”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ယခုကဲ့သို့ ပယ်ချလိုက်ခြင်းသည် စစ်အစိုးရအနေနှင့် ဥပဒေ စည်းမျဉ်း များကို ဥပေက္ခာပြုလိုက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုများအား စောင့်ကြည့် လေ့လာ နေသော စင်ပြိုင်အာဆီယံအဖွဲ့ မှ ဒက်ဘီ စတူးဟတ်က ပြောဆိုသည်။

“စစ်အစိုးရက ကိုယ်ပြဌာန်းထားတဲ့ ဥပဒေ စည်းကမ်းတွေကို ကိုယ်တိုင်ဂရုမစိုက်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြလိုက်တာပဲ”ဟု ဒက်ဘီ စတူးဟတ်က ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာက မည်မျှပင် ဖိအားပေးသည်ဖြစ်စေ စစ်အစိုးရအနေနှင့် ဒီမိုကရေစီ သို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် မမြင်ကြောင်းလည်း ၎င်းက ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းမှ သံတမန်ရေးအရ မြန်မာစစ် အစိုးရကို အပြည့်အဝ ဖိအားပေး ရန် လိုနေဆဲဖြစ်သည်ဟု ဒက်ဘီစတူးဟတ်က ဆက်၍ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက်လည်း နိုင်ငံတကာ အသိုင်းအဝန်း နှင့် ကုလသမဂ္ဂက ဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာပယ်ချမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လက်ရှိကျင့် သုံးနေသော စည်းမျဉ်း ဥပဒေများသည် စစ်အာဏာပိုင်များ အကျိုးစီးပွားအတွက်သာဖြစ်သည်ဟု ပြောသည်။

“ဒေါ်စုကို လွှတ်ရေးမလွှတ်ရေးဆိုတာ စစ်အာဏာပိုင်တွေရဲ့ လက်ထဲမှာပဲရှိတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ အခုကျင့်သုံးနေတဲ့ ဥပဒေဆိုတာက သားရေကွင်းလိုပဲ လိုသလို ဆွဲဆန့်လို့ရတယ်၊ ဒါကြောင့် မြန်မာပြည် မှာ ဥပဒေ ရှိတယ်လို့ မပြောနိုင်ပါဘူး”ဟု ဦးဘိုကြည်က ဆိုသည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နှင့်ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်း ခဲ့ခြင်းဖြစ်သည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်း အတွက် လက်ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

AAPP ကပြုလုပ်နေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုမှာ လက်မှတ် ပေါင်း ၃ သိန်းကျော် ရရှိနေပြီဖြစ်သည်ဟု ဦးဘိုကြည်က ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ကျော် ရှိနေကြောင်း AAPP ၏ ပြောဆိုချက်အရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်