ဒေါ်စုအိမ်သို့ ရေကူးသွားသူ အဖမ်းခံရ

E-mail Print
အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ပြီး ၃ ရက်ကြာ နေထိုင်ခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို ဖမ်းဆီးထားသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

အဆိုပါ ပုဂ္ဂိုလ်သည် John William Yeattaw ဆိုသူ ဖြစ်ပြီး မေလ ၃ ရက်နေ့ ညမှ မေလ ၅ ရက်နေ့ ညအထိ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် နေထိုင်ခဲ့ကြောင်း၊ မေလ ၆ ရက်နေ့ မနက်တွင် အင်းလျားကန် အတွင်း ၎င်းအား တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းစာက ဆိုသည်။

ကမ္ဘာလှည့် ခရီးသွား ဗီဇာဖြင့် ရန်ကုန်သို့ ရောက်ပြီး နောက်တနေ့တွင် ဒေါ်စု၏ အိမ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“၎င်းနှင့်အတူ နိုင်ငံကူး လက်မှတ် တခု၊ အနက်ရောင် ကျောပိုးအိတ် တလုံး၊ ဓာတ်မီးတလက်၊ ခေါက်ပလာယာတလက်၊  Cannon ကင်မရာတလုံး၊ အမေရိကန် ဒေါ်လာ ၁ဝဝ တန် နှစ်ရွက်၊ မြန်မာငွေ ကျပ် ၁ဝဝဝ တန် ၉၃ ရွက် တို့ကို သိမ်းဆည်းရမိခဲ့သည်” ဟု သတင်းစာတွင် ဖော်ပြထားသည်။ ဒေါ်စုအိမ်သို့ သွားရောက်ခဲ့သည့် ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တို့နှင့် ပတ်သက်ပြီး  စစ်ကြောနေသည်ဟု ဆိုသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ် Richard Mei က အဆိုပါ အမေရိကန် နိုင်ငံသား ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု အေပီသတင်းဌာနသို့ ပြောပြသည်။

“အာဏာပိုင်တွေက သံရုံးကိုတော့ အကြောင်း မကြားသေးပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ မသိသေးပါဘူး” ဟု Richard Mei က ပြောသည်။

အဆိုပါ ပုဂ္ဂိုလ် ဖမ်းဆီးခံရပြီးနောက် ဒေါ်စုအိမ်ရှေ့ရှိ တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ထားသည်ဟု မျက်မြင် သက်သေများက ဧရာဝတီသို့ ပြောသည်။ ယခင်က ထိုလမ်းကို ခရီးသည်တင် ဘတ်စ်ကားများ ဝင်ရောက်ခွင့် မရှိသော်လည်း ကိုယ်ပိုင်ကားများကို ဖြတ်သန်းခွင့် ပြုခဲ့သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ နေအိမ် အကျယ်ချုပ် ကျခံနေရသူ ဖြစ်သည်။ လုံခြုံရေး တင်းကျပ်ထားသော ဒေါ်စု၏ အိမ်သို့ ရေကူး၍ သွားရောက်သူအား ဖမ်းဆီးမိခြင်းမှာ ဤတကြိမ်သည် ပထမဦးဆုံး အကြိမ် ဖြစ်သည်။

ဒေါ်စုသည် ၂ဝဝ၃ ခုနှစ် မေ ၃ဝ ရက်နေ့က ဒီပဲယင်းမြို့တွင် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် အထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

ထိန်းသိမ်းမှု ၆ နှစ်ပြည့်မည့် ယခု လကုန်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာဖွယ် ရှိသည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်