ထိုင်းသို့ ခိုးဝင်သည့် မြန်မာနိုင်ငံသားများ အဖမ်းခံရ

E-mail Print
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခိုးဝင်ရန်ကြိုး စားခဲ့သော မြန်မာနိုင်ငံသား (၉) ဦးကို ရဲနှင့်စစ်တပ် ပူးပေါင်း အာဏာ ပိုင်များက ယမန်နေ့တွင် ဖမ်းဆီးလိုက် ကြောင်းသိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် မဲဆောက်မြို့မှ ဘန်ကောက်သို့သွားမည့် ဟင်းသီးဟင်းရွက်များ တင်ဆောင် ထားသော ကားထဲတွင် ပုန်းအောင်းလိုက်ခဲ့ရာမှ မဲဆောက်အထွက် ဟွေ့ဖွန်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် အာဏာပိုင်များ၏ စစ်ဆေးဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်းများက ၎င်းဟင်းသီးဟင်းရွက်တင်ဆောင်လာသည့်ကားကို မသင်္ကာသဖြင့် သံချွန်များနှင့်ထိုးပြီး စစ်ဆေးခဲ့ရာ ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦး နှင့် အမျိုးသမီး၃ ဦးပုန်းအောင်းနေသည်ကို တွေ့ရှိ ခဲ့ကြောင်း ယမန်နေ့က ထိုင်းဘာသာဖြင့် ရေးသားထားသော (Manager Online) မန်နေဂျာ အွန်လိုင်း အင်တာနက် သတင်း စာမျက်နှာတွင်ဖော်ပြ ထားသည်။

ယခုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး မဲဆောက်မြို့ရှိ ရဲစခန်းအချုပ်ကြီးသို့ စုံစမ်းမေးမြန်းခဲ့ရာ ရုံးတာဝန်ကျ ရဲတစ်ဦးက ဖမ်းဆီးထားသည့်သူများ ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“သူတို့ ရဲစခန်းအချုပ်မှာရှိပါတယ်။ အမှုကတော့ ဘယ်အထိရှိပြီလဲဆိုတာမသိဘူး”ဟု ၎င်းကပြောသည်။

၎င်းအမှုနှင့် ပတ်သက်ပြီး အသက် ၃၅ နှစ်အရွယ်ရှိ ထိုင်းလင်မယား နှစ်ဦးကိုလည်း အာဏာပိုင်များက ထိန်းသိမ်း ထားပြီး တရားမ၀င် အလုပ်သမားများကို လူကုန်ကူးမှုဖြင့် တရားစွဲဆိုထားကြောင်း အဆိုပါ မန်နေဂျာ သတင်း၌ ရေးသားထားသည်။    

ထိုင်နိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ကိုမိုးဆွေက“မကြာခင်မှာ အလုပ်သမား လေးသိန်း ထိုင်း ကို ခေါ်ယူမယ်လို့ပြောထားတာရှိတယ်။ လက်မှတ်လုပ်ပေးမယ်ဆိုပြီးတော့သူတို့(ထိုင်းတာဝန်ရှိသူ) ပြောထား တယ်။ ပြောထားတဲ့အတွက်ဒီအလုပ်သမားတွေ ထပ်ဝင်လာမှာကို စိုးရိမ်ပုံရတယ်လို့မြင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မဲဆောက်မြို့၌ ယခင်ကထက် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးနေပြီး တစ်နေ့ လူဦးရေ ၂၀၀ခန့် အဖမ်းခံ နေရကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် မေလ ၂ ရက်နေ့၌ ထိုင်းနိုင်ငံတောင်ပိုင်း တရန်မြို့ရှိ အလုပ်ရုံတခုတွင် အလုပ်လုပ်နေသည့် စက်ရုံအ လုပ်သမား သုံးဆယ်ကျော် အဖမ်းခံရကြောင်းလည် သိရသည်။

ပြည်ပ အလုပ်သမား လေးသိန်းကျော်ကို တရားဝင်နေထိုင် အလုပ်လုပ်ခွင့် ပြုရန် အလုပ်သမားဝန်ကြီးဌာနက စီစဉ်နေကြောင်း ဧပြီလဆန်းပိုင်း၌ သတင်းများထွက်ပေါ် ခဲ့သေးသည်။  

လွန်ခဲ့သည့် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက် ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်။  
 
ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာဘက်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှုဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းထောက် ဘစောတင်နှင့် ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်