မြန်မာ့အရေး ထိရောက်စွာ ဆောင်ရွက်ရန် အိန္ဒိယ အစိုးရကို လွှတ်တော် အမတ်များ တိုက်တွန်း

E-mail Print
မြန်မာပြည်တွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် တိုက်တွန်းနေခြင်းထက် ပို၍ ထိရောက်သော နည်းလမ်းများကို အသုံးပြုရန် အိန္ဒိယ လွှတ်တော် အမတ် တချို့က အိန္ဒိယ အစိုးရကို တိုက်တွန်းလိုက်သည်။

မြန်မာ့ ဒီမိုကရေစီရေး အတွက် အိန္ဒိယ လွှတ်တော် အမတ်များ အဖွဲ့ (IPFDB)က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ယမန်နေ့က  တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“အိန္ဒိယ အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီ ကတော့ အမှန်အတိုင်း ပြောရရင် သူတို့ ကိုယ်ပိုင် စိတ်ဝင်စားမှုပေါ်မှာပဲ အခြေခံနေပါတယ်” ဟု IPFDB အဖွဲ့ ခေါင်းဆောင် မစ္စတာ ရှရတ်ဂျိုရှီး က ဧရာဝတီသို့ ပြောသည်။

“မြန်မာနဲ့ ပတ်သက်တာမှာ စိတ်ဝင်စားတာကတော့ သစ်နဲ့ ဓာတ်ငွေ့ လောင်စာ ဝယ်ယူဖို့ ကိစ္စ၊ နောက်တခုက မြန်မာက တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ ပူးပေါင်းပြီး နျူကလီးယား စက်ရုံ လုပ်မယ် ဆိုတဲ့ ကိစ္စတွေလိုမျိုးပေါ့” ဟု အထက် လွှတ်တော် အမတ် မစ္စတာ ရှရတ်ဂျိုရှီးက ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့ နိုင်ငံရေး အခြေအနေများနှင့် မြန်မာ စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းမှာ ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေးကို ထိခိုက်လာနေသည်ဟု သူက ရှင်းပြသည်။

“ကျနော့် သဘောကတော့ မြန်မာ စစ်အစိုးရလို ဒီမိုကရေစီ မရှိတဲ့သူတွေ လက်ထဲကို ဒီ နျူကလီးယား ဆိုတာ မရောက်စေချင်ဘူး” ဟု မစ္စတာ ရှရတ်ဂျိုရှီးက ပြောသည်။

ကြေညာချက်ကို အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မာမိုဟန်ဆင်းနှင့် နိုင်ငံခြားရေး ဝန်ကြီး တို့ထံ ပေးပို့ထားသည်ဟု ဆိုသည်။

“ဒေသတွင်း လုံခြုံ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် မြန်မာ စစ်အစိုးရကို ပိုမို ပြင်းထန်သော ဖိအားများ ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ရေး အတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာ တို့နှင့် ပူးပေါင်း လုပ်ဆောင်ရန် တိုက်တွန်း နှိုးဆော်သည်” ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

မြန်မာ့ ဒီမိုကရေစီ အရေးတွင် အိန္ဒိယ အစိုးရ စိတ်ဝင်စားမှုရလာရန် ၎င်းတို့က စည်းရုံးနေသကဲ့သို့ မြန်မာ ပြည်သူများကလည်း ကိုယ်ပိုင် နည်းလမ်းဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားသင့်သည်ဟု ရှရတ်ဂျိုရှီးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မတရား စီရင်ချက် ချမှတ်လိုက်သော မြန်မာ အစိုးရကိုလည်း  ပြင်းပြင်း ထန်ထန် ရှုတ်ချသည် ဟု သူက ပြောသည်။

"စစ်အာဏာရှင် စနစ် ဆိုတာ နောက်ဆုံး တချိန်ကျရင် လူ့သဘော သဘာဝနဲ့ ဆန့်ကျင်တာ ဖြစ်လို့ အမြဲ ရှုံးရတာပဲ။ မြန်မာစစ်အစိုးရဟာ မူဆိုလီနီ တို့၊ ဟစ်တလာ တို့လိုပဲ၊ သူတို့မှာ တရား မရှိဘူး။ သူတို့ ပြောင်းလဲလေမလား ဆိုပြီး ဘာကိုမှ သွားမျှော်လင့်လို့ မရဘူး။ ဟစ်တလာ အရှုံးကြီး ရှုံးလိမ့်မယ်လို့ ဘယ်သူမှ တွေးထင်ထားကြတာ မဟုတ်ဘူး။ မြန်မာ စစ်အစိုးရ အမြင်မှန် ရသင့်ပြီ၊ အမှန်တရားကို မြင်သင့်ပြီ" ဟုလည်း သူက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက IPFDB ဦးဆောင်မှုဖြင့် ပါလီမန်အမတ် ၁ဝဝ ကျော် လက်မှတ်ရေးထိုး၍ မြန်မာ့အရေး ဝင်ရောက် ကူညီ ဖြေရှင်းပေးရန် အိန္ဒိယဝန်ကြီးချုပ်ထံ စာရေး တောင်းဆိုခဲ့သေးသည်။

IPFDB ကို မြန်မာ့အရေး စိတ်ဝင်စားသော နိုင်ငံရေး ပါတီ ပေါင်းစုံမှ လွှတ်တော်အမတ် ၁၂ ဦးက ၂ဝဝ၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေး ဌာန ပြောရေး ဆိုခွင့် ရှိသူက နိုင်ငံရေး အကျဉ်းသားများကို အမြန် ပြန်လွှတ်ပြီး မြန်မာ့ နိုင်ငံရေး အပြောင်းအလဲကို အမြန်ဆုံး ပြုလုပ်သင့်ပြီ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချလိုက်သည့် သြဂုတ်လ ၁၁ ရက်နေ့က ပြောဆိုခဲ့သည်။

အိန္ဒိယ အစိုးရ၏ မြန်မာ့အရေး အပေါ် ဖွင့်ဟလာချက်ကို IPFDB က ကြိုဆို ထောက်ခံသည်ဟု ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်