NHK တွင် မြန်မာအဆိုတော် ဂျီလတ်၏ ကိုယ်ပိုင်သံစဉ်သီချင်း ပထမဆုံး ထုတ်လွှင့်

E-mail Print
ဂျပန်နိုင်ငံ NHK သတင်းဌာနတွင် မြန်မာပိုင်း အစီအစဉ်များကို အဓိက ထုတ်လွှင့်မည့် ရုပ်သံလိုင်းတခု၌ မြန်မာနိုင်ငံမှ အဆိုတော် ဂျီလတ်၏ “ခဏတာ” ဟူသော တေးသီချင်းကို ပထမဆုံး အဖြစ် ရွေးချယ်ခံခဲ့ရပြီး သြဂုတ်လ ၈ ရက် နေ့မှ စတင်ထုတ်လွှင့်ခဲ့သည်ဟု သိရသည်။

“ဒီသီချင်းကို တေးဂီတပိုင်းတင်မကဘူး ရိုက်ထားတဲ့ပုံစံနဲ့ အရည်အသွေးကိုပါကြိုက်လို့ ရွေးတယ်လို့ သိရပါတယ်” ဟု ဂျီလတ်က ဧရာဝတီကိုပြောသည်။

NHK သတင်းဌာနတွင် လွှင့်မည့် “ခဏတာ” အမည်ရှိ ကိုယ်ပိုင်သံစဉ် တေးသီချင်းကို ဂျီလတ်၏ညီဖြစ်သူ တေးရေး ကမ္ဘာ က ရေးစပ် ပေးထားပြီး “ဘာလာလာ” ဟူသော တေးစီးရီးတွင် ပါဝင်သောသီချင်းတပုဒ်ဖြစ်၍ NC-13 အဖွဲ့က တီးခတ်ပေးထားကြောင်း သိရသည်။

အဆိုပါ NHK တွင် ထုတ်လွှင့်မည့် တေးသီချင်းများသည် နိုင်ငံတကာသို့ ပြသရမည်ဖြစ်သောကြောင့် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ ၎င်းသီချင်းအား MTV အနေနှင့် ပြသသွားမည်ဖြစ်ကြောင်းနှင့် ဒါရိုက်တာ၊ တေးဆို၊ တေးရေး၊ သီချင်းခေါင်းစဉ်များကိုသာ အင်္ဂလိပ် ဘာသာဖြင့် ပြန်ပြောင်းပြီး တေးသီချင်းကို ကာရာအိုကေ ပုံစံမှ Audio ပုံစံပြန်ပြောင်းပေးရကြောင်း ဂျီလတ်က ဆက်ပြောသည်။

NHK က လတ်တလောမြန်မာပြည် လူငယ်များကြား၌ ရေပန်းစားနေသော သီချင်းများထဲမှ အဆိုပါ သီချင်းကို ရွေး ချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သူကဆိုသည်။

“ခဏတာ” သီချင်း ကဲ့သို့ပင် ၎င်း ရုပ်သံလိုင်းတွင် ထုတ်လွှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ကိုယ်ပိုင်သံစဉ် တေးသီချင်းများကို ဆက်လက် ရွေးချယ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားများ၊ တေးသီချင်း များ၊ မြန်မာပြည်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ညီဖြစ်သူ ရေးစပ်ထားသော “ခဏတာ” သီချင်းကို ရှိုးပွဲတွင် ဆိုသည့်အခါတိုင်း ဂျီလတ်က ဝမ်းနည်း မျက်ရည် ကျလေ့ရှိကြောင်း ၎င်းနှင့် နီးစပ်သူတဦးက ဧရာဝတီကိုပြောသည်။

ဂျီလတ်ကလည်း “ကျနော့် ညီနဲ့ ကျနော်က အမြဲတွဲပြီးဆိုနေကျ။ သူက ဂစ်တာသမား ဆိုတော့ သူကတီး၊ ကျနော်က ဆိုပေါ့။ ဒါပေမယ့် အဲဒီသီချင်းဆိုတဲ့အချိန်မှာ အကြောင်းကြောင်းကြောင့် သူနဲ့ကျနော်နဲ့ တွဲပြီး နေလို့မရတဲ့ အခြေ အနေပေါ့။ မှတ်မှတ်ရရ အဲဒီနေ့ကလည်း သူ့မွေးနေ့။ သူ ရှိသင့်ပါရက်နဲ့ မရှိခဲ့လို့ ကျနော် တော်တော် ၀မ်းနည်း ခဲ့ရပါတယ်” ဟု ဆိုသည်။

“ခဏတာ” တေးသီချင်းကို NHK တွင်ထုတ်လွှင့်ခွင့်ရသဖြင့် အဆိုတော် ဂျီလတ်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေး အပ်ကာ အနုပညာကြေးလည်း ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ အဆိုတော် ဂျီလတ်၏ တေးသီချင်းကို NHK တွင် ထုတ်လွှင့်ခွင့်ရခြင်းနှင့် ပတ်သက်၍ တေးရေး မင်းချစ်သူကလည်း “အခုလို တဖြည်းဖြည်းနဲ့ မြန်မာ့ဂီတကို ကမ္ဘာက ကြားရဖို့လမ်းပွင့်လာတဲ့အတွက်၊ နောက် ဒီဘက်ခေတ် လူငယ်တွေလုပ်တဲ့ ကိုယ်ပိုင်သံစဉ် ပုံစံလေးတွေစပြီး ထိုးဖောက်ခွင့်ရလာတဲ့အတွက် အရမ်းကိုဝမ်း သာပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဂျီလတ်သည် ၂၀၀၁ ခုနှစ်မှ စတင်၍ အနုပညာလောကထဲသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၂၀၀၄ ခုနှစ် ၀န်းကျင်တွင် “ရှိသည်၊ ဖြစ်သည်” ဟူသော တကိုယ်တော် တေးစီးရီးထွက်ရှိခဲ့သည်။ ယခုလတ်တလောတွင် သီချင်းပုဒ်ရေ ၃၀ ခန့် သီဆိုထားခဲ့ပြီး ဖြစ်သည်။

လတ်တလော၌ ဂျီလတ်၏ တေးသီချင်းများသည် အင်တာနက် စာမျက်နှာများပေါ်တွင် လူငယ်ပရိသတ်များ အားပေးခြင်း ခံနေရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်