ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်း သံတမန်များတွေ့ဆုံ

E-mail Print
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်အခြေစိုက် အနောက်တိုင်း သံတမန် ၃ ဦး ယနေ့တွေ့ဆုံကြောင်း သံတမန် အသိုင်းအဝိုင်းမှ သိရသည်။

ယခုတွေ့ဆုံသည့် အစီအစဉ်သည် စစ်အစိုးရ၏ ခွင့်ပြုချက်အရဖြစ်ကြောင်းနှင့် တွေ့ဆုံသည့် သံတမန်များမှာ အမေရိကန်၊ ဗြိတိန်နှင့် သြစတေးလျ သံတမန်များဖြစ်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု များနှင့် ပတ် သက်၍ ဆွေးနွေးရန်ဖြစ်ကြောင်း အနောက်တိုင်း သံတမန် တဦးက ပြောသည်။

ယင်းကဲ့သို့ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီးဆွေးနွေးရန် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရန် တောင်းဆိုချက်ကိုမှု ပြောင်းလဲမည်မဟုတ်ဟု သံတမန် တဦးက ပြောဆိုကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အရေးယူပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် လိုကြောင်း စက်တင်ဘာ ၂၅ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာတစောင် ပေးပို့ခဲ့ပြီး ယင်းစာထဲ၌ အနောက် တိုင်း သံတမန် ၃ ဦးနှင့် တွေ့ဆုံရန် တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စာနှင့်ပတ်သက်ပြီး စစ်အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင် ဆန်းစုကြည် တို့ ပြီးခဲ့သည့် တပတ်အတွင်း ၂ ကြိမ်တွေ့ဆုံခဲ့သည်။

ယင်း ဖြစ်ရပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲပေါ်ထွက်လာပြီးနောက် ဆက်တိုက်ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်အရေးနှင့် ပတ်သက်၍ စစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြီး စေ့စပ် ဆွေးနွေးခြင်း နှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်း တို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က စက်တင်ဘာ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

မစ္စ ကလင်တန်က ကုလသမဂ္ဂမှ စီစဉ်သည့် မြန်မာ့ မိတ်ဆွေနိုင်ငံများ အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ဆုံရာတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မကြာမီ စင်္ကာပူနိုင်ငံတွင် ကျင်းပမည်ဖြစ်သော အာဆီယံ ထိပ်သီး အစည်းအဝေးသို့ လာရောက်မည့် အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ တွေ့ဆုံ ရန်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်