၂၀၁၀ အတွက် တိုင်းရင်းသား ဘာသာဖြင့် အသံလွှင့်ရန်စီစဉ်

E-mail Print
၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ တိုင်းရင်းသား ဘာသာဖြင့် အသံလွှင့် အစီအစဉ်ကို ရေဒီယိုမှ ထုတ်လွှင့်သွားရန် ပြည်ပ အခြေစိုက် တိုင်းရင်းသား သတင်းဌာနများက သဘောတူညီ လိုက်ကြသည်။

တိုင်းရင်းသား စာနယ်ဇင်းသမားများ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရမည့် အခန်းကဏ္ဍနှင့်ပတ်သက်၍  ထိုင်းနိုင်ငံ ချင်းမိုင် ၌ ပြုလုပ်သည့် အစည်းအဝေးတွင် တက်ရောက်ခဲ့သည့် တိုင်းရင်းသား သတင်းဌာန ၇ ခုက ထိုသို့ သဘောတူညီ လိုက်ခြင်း ဖြစ်သည်။

ယင်းအသံလွှင့် အစီအစဉ်များကို သတင်းဌာန ကွန်ယက်တခု ဖြစ်သော Burma News International (BNI)၏ ကြီးကြပ်မှုဖြင့် လှိုင်းတိုမီတာမှ အမြန်ဆုံး ထုတ်လွှင့်ရန် စီစဉ်နေကြောင်း သိရသည်။

BNIမှ အဖွဲ့ဝင်တဦးလည်းဖြစ် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းက “အနည်းဆုံး ဘာသာစကား ၁၀မျိုး ထုတ်လွှင့် ဖြစ်ပါလိမ့်မယ်၊  အကြမ်းဖျင်း ကျနော်တို့ပြောတာက တနေ့ကို အနည်းဆုံး ၁၅  မိနစ်လောက်နဲ့ စဖို့ ကောင်းတယ် ပေါ့၊ ဘာသာစကားတခုအတွက် ၁၅ မိနစ် ပေါ့ဗျာ၊ ဒီအစီအစဉ် ဖြစ်လာမယ်ဆိုရင်တော့ အခုအတွက်ရော၊ ရှေ့အတွက်ရော ကောင်းတယ်” ဟု ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အကျိုးသက်ရောက်မှု၊ ၂၀၁၀ ရွေးကောက်ပွဲ နှင့်ပတ်သက်သည်များကို သာမန် လူများ နားလည် သည်အထိ ရေဒီယိုမှတဆင့်ရှင်းပြရန် ရည်ရွယ်ထားကြောင်း၊ ၊ မြန်မာပြည် ဒီမိုကရေစီထူထောင်ရေးတွင် တိုင်းရင်းသားများ သည်လည်း အခန်း ကဏ္ဍတခုက ပါဝင်သည် ဟူသော အချက်ကို သတိထားမိနိုင်၍ အားလုံးနှင့် အတူတကွ ပူးပေါင်း လုပ်ဆောင် လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်းက“ ဒီအစီအစဉ်ကတော့ တိုင်းရင်းသားတွေအတွက် အရမ်း အကျိုး ရှိနိုင်ပါတယ်၊ တောင်ပေါ်ဒေသက တိုင်းရင်းသားတွေက ဗမာစကားကို နားမလည်ကြဘူး၊ စစ်အစိုးရ ကလည်း ဒီနှစ်မှာ တိုင်းရင်းသား အစီအစဉ်တွေကို အချိန်တိုးပြီးတော့ လွှင့်လာတယ်၊ အဲဒါတွေကို တန်ပြန် အနေနဲ့ လုပ်ဖို့ တိုင်းရင်းသား အစီအစဉ်တွေကို လုပ်ဖို့လိုတယ် ဆိုပြီးတော့ အားလုံးက မြင်ကြတာပေါ့” ဟုဆိုသည်။

RFA, VOA, DVBအသံလွှင့်ဌာနများက ထုတ်လွှင့်ပေးနေသော တိုင်းရင်းသားအစီအစဉ်များကို အချိန်ပိုမို ထုတ်လွှင့် ပေးနိုင် ရေး အတွက် ယင်းသတင်း ဌာနများနှင့် ဆွေးနွေးရန်ရှိကြောင်း၊ အလှူရှင်များက ပံ့ပိုးနိုင်ပါက သီးသန့် လှိုင်းတိုတခု ထပ်မံ တည်ထောင်သွားရန် ဆွေးနွေးခဲ့ကြောင်း၊ ရန်ပုံငွေရရှိသည်နှင့် ယင်းအစီအစဉ်များကို အမြန်ဆုံး ဆောင်ရွက်မည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

အင်တာနက်၊ ပုံနှိပ်စာများမှာမူ တိုင်းရင်းသားတို့လက်တွင်း ရောက်ရန်ခဲယဉ်းသည့် အတွက် ရေဒီယိုသည် အထိရောက်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ ပါဝင် ဆွေးနွေးခဲ့သည့် တိုင်းရင်းသား ၁၁ ဖွဲ့သာမက ၀၊ ကိုးကန့်၊ ပအို့ဝ် အစရှိသော တိုင်းရင်းသားများကိုလည်း ဖိတ်ခေါ်ရန် ရှိကြောင်း၊ အစီအစဉ် အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ကိုနော်ဒင်းက ဆက်လက်ပြောသည်။

အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ပါက မြန်မာပြည် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသော တိုင်းရင်းသားများ အတွက် ပထမဆုံးသော အသံလွှင့် ဌာနဖြစ်လာမည်ဖြစ်သည်။

ယခုလက်ရှိအချိန်တွင် Kaowao မွန်သတင်းဌာနက FM ရေဒီယိုလိုင်းတခုမှ နေ၍ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထုတ်လွှင့်နေကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း သတင်းဌာနမှ လေ့ကျင့်ပေးထားသည့် သတင်းထောက်များကို စေလွှတ်၍ ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ယင်းသတင်းဌာနမှ အဖွဲ့ဝင် နိုင်လရေးရော့ကဆိုသည်။

အမေရိကန် အသံ (VOA)၊ လွတ်လပ်သော အာရှအသံ(RFA)၊ ဒီမိုကရတ်တစ် မြန်မာ့အသံ(DVB) စသော ပြည်ပ အသံလွှင့် ဌာနများသည်  တိုင်းရင်းသား ဘာသာဖြင့် တပတ်လျှင် ၁၅ မိနစ် ထုတ်လွှင့်ပေးလျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်