အရက်တိုက်ပြီးလည်း ကြံ့ဖွံ့မဲဆွယ်

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ရခိုင်ပြည်နယ်၏ မြို့နယ်၊ ကျေးရွာ တချို့၌ ဒေသခံများကို အရက်တိုက်၍ မဲဆွယ်စည်းရုံး နေခြင်းကြောင့် ဒေသခံများက မကျေမနပ်ဖြစ်နေ ကြကြောင်း သိရသည်။

usdp-campaign-placard“ကျနော်တို့ ရွာတွေက စာသင်ကျောင်းတွေမှာ ရွာသားတွေကို မလာမနေရ ကြံ့ဖွံ့က စည်းရုံးရေး ခေါ်တယ်။ ကျောင်းရောက်တော့ ထမင်းကျွေးတယ်၊ အရက်တိုက်တယ်။ ဒါဟာ ကျနော်တို့ ဒေသခံတွေကို စော်ကားတယ်လို့ ယူဆတယ်” ဟု ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မအီမြို့ခံ တဦးက ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ၂ ပတ်ခန့်မှ စတင်၍ တောင်ကုတ် မြို့နယ်နှင့် မအီမြို့နယ်များရှိ ဘူးရွှေမော်ကျေးရွာ၊ လမူးတော ကျေးရွာအုပ်စု၊ ကင်းတောင်၊ ရွာမ စသည့် ဒေသများရှိ စာသင်ကျောင်းများတွင် ထိုသို့ လုပ်ဆောင် နေကြောင်း သိရသည်။

တောင်ကုတ် ဒေသခံက တဦးကလည်း “ကြံ့ဖွံပါတီကို အစကတည်းက မဲမပေးချင်တာ။ အခုလုပ်ရပ်ကြောင့် ဒေသခံတွေက ငါတို့ကို အထင်သေးလို့ အရက်နဲ့ မြှူဆွယ်ပြီး မဲဆွယ်တယ် ဆိုပြီးတော့ ဒေါသထွက်နေကြတယ်။ ပြောသွားတာကလည်း ငါတို့ကပဲ အာဏာရမှာမို့လို့ ငါတို့ကို မဲပေးကြဖို့ဆိုပြီး ပြောသွားသေးတယ်” ဟု ဆိုသည်။

“အရက်ပုံးတွေ၊ အရက်ပုလင်းတွေကို တခါတည်းယူလာကြတယ်။ ၀ီစကီပုလင်း တွေများတယ်။ တချို့ကလည်း အတင်းတိုက်တော့ သောက်ကြရတာပေါ့” ဟုလည်း ဒေသခံက ဆက်ပြောသည်။

မဲဆွယ်စည်းရုံးရာတွင် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများကို အဓမ္မ အသုံးပြုနေကြောင်းလည်း ဒေသခံများက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် ၎င်းတို့ကသာ အနိုင်ရမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်မည် ဖြစ်၍ တခြားသောပါတီအား မဲပေးလျှင်လည်း အကျိုးမထူးဟု ပြောဆို စည်းရုံးမှုများရှိကြောင်းသိရသည်။

တောင်ကုတ်မြို့နယ်သည် ဒီမိုကရေစီ အမာခံမြို့နယ်တခုဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရခဲ့ကြောင်း သိရသည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲတွင်မူ ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) ၂ ခုသာ တောင်ကုတ် မြို့နယ်တွင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တိုင်းရင်းသား ပါတီများက ၀င်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့ကြသော်လည်း ကိုယ်စားလှယ်လောင်းများအနေဖြင့် စစ်အစိုးရ၏ ဖိအားနှင့် အချိန်မလုံလောက်ခြင်းတို့ကြောင့် မယှဉ်ပြိုင်နိုင်ခြင်းဖြစ်သည်ဟု ရခိုင် တိုင်းရင်းသားပါတီများမှ ခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုသာ အစဉ်တစိုက်လုပ်ဆောင်လာခဲ့ပြီး ဒေသခံ ပြည်သူများ၏ ချင်ခင်လေးစားမှု ခံရသော တောင်ကုတ်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ စံလှိုင်သည် ယခုအခါ စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် တောင်ကုတ်မြို့နယ်မှ ၀င်ရောက်အရွေးခံရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ဒေါက်တာ စံလှိုင်ဟာ ဒေသခံ လူကြီး၊ လူငယ်မရွေး လေးစားခံရတဲ့ ပုဂ္ဂိုလ်ပါ။ ကျမတို့ရဲ့ ဆရာဆိုလည်း ဟုတ်ပါတယ်။ အခုတော့ ကြံ့ဖွံ့အမတ် လုပ်မယ်ဆိုတော့ ပြည်သူတွေက သိပ်မထောက်ခံကြတော့ဘူး” ဟု မြို့ခံ အမျိုးသမီး တဦးက ပြောသည်။

တောင်ကုတ်မြို့နယ်မှ ကြံ့ဖွံ့ပါတီ ကိုယ်စားပြု အရွေးခံမည့်သူများမှာ ဒေါက်တာ စံလှိုင်၊ အငြိမ်းစား ပညာရေးမှူး ဒေါ်သန်းစိန်တို့ ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးသန်းဝေမှာမူ မသေချာသေးကြောင်း ကြံ့ဖွံ့ပါတီဝင်တဦးက ပြောသည်။

ထိုသို့ဒေသခံများ၏ ချစ်ခင်လေးစားခံရသော ပုဂ္ဂိုလ်များကို ရှေ့တန်းတင်၍ ကြံ့ဖွံ့က စည်းရုံးရေးလုပ်နေသော်လည်း ဒေသခံများက ၎င်းတို့ကို မဲပေးမည်မဟုတ်ဟု သိရသည်။

ထိုပုဂ္ဂိုလ်များသည် စစ်အစိုးနှင့် နီးစပ်သည့် တောင်ကုတ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်၏ တိုက်တွန်းချက်အရ ကြံ့ဖွံ့ပါတီမှ အရွေးခံကြရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်အစိုးရ ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲအား သပိတ်မှောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန့်ကျင်ရေး ပိုစတာ လှုပ်ရှားမှုတရပ်ကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့ဝင်များက ပြီးခဲ့သည့် တပတ်က တောင်ကုတ် မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာကျော်တွင် တပြိုင်တည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်