ဗလီဆရာ ကြံ့ဖွံ့အတွက် မဲဆွယ်

E-mail Print
ရန်ကုန်တိုင်း မင်္ဂလာ တောင်ညွှန် မြို့နယ် ရောင်နသ်ဗလီ၌ သောကြာနေ့တိုင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲသို့ တက်ရောက်သော အစ္စလမ် ဘာသာဝင် ၁၅၀၀ ကျော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သို့ မဲထည့်ရန် ယင်းဗလီ၏ ရှေ့ဆောင်ဆရာ ဦးအလီက မဲဆွယ်စည်းရုံးမှု ပြုလုပ်ကြောင်း သိရသည်။

masjid-choliajamekဦးအလီက ဘာသာရေးကို အကြောင်းပြု၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခြင်းကို ပုံမှန် ၀တ်ပြု ဆုတောင်းသူများအနေဖြင့် ကျေနပ်မှုမရှိသောကြောင့် ရောင်နသ်ဗလီ ဂေါပကအဖွဲ့သို့ တိုင်ကြားခဲ့သော်လည်း မည်သို့မျှ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အစ္စလမ်ဘာသာဝင်များက ပြောသည်။

“ကျနော်တို့ ဗလီကျောင်းရှေ့မှာလည်း ရေးထားပါတယ်၊ နိုင်ငံရေးနဲ့ပတ်သက်လို့ ဆွေးနွေးခွင့်မရှိဘူး။ ဒါပေမယ့် ရှေ့ဆောင်ဆရာက အဲဒါကို ပြောင်ဖောက်ဖျက်ပြီး ကြံ့ဖွံ့ပါတီရယ်၊ ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) ရယ်ကို မဲထည့်ရမယ်လို့ ပြောတယ်” ဟု ၀တ်ပြုဆုတောင်းပွဲသို့ လာသော အစ္စလမ်ဘာသာဝင် အမျိုးသားတဦးက ပြောသည်။

ဘာသာရေးအရ ၀တ်ပြုပွဲလာရောက်သူများအား နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြောဆို ဆွေးနွေးခြင်းများ မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း နိုင်ငံရေးပါတီများအနေဖြင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စသည့် ဘာသာရေး နယ်နိမိတ်များတွင် မဲဆွယ်စည်းရုံးခွင့် မပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၈ (ဂ) တွင် လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြု၍ မဲပေးရန် ဟောပြောခြင်း၊ ကြေညာချက်ထုတ်ခြင်း ပြုလုပ်ပါက ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ငွေကျပ် ၁ သိန်းကို ဖြစ်စေ၊ ယင်း ၂ ရပ်စလုံးကိုဖြစ်စေ ပြစ်ဒဏ်ချမှတ် နိုင်သည်ဟု ဖော်ပြထားသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းကလည်း တောင်ဥက္ကလာပ မြို့နယ် ၇ ရပ်ကွက်၊ သီရိဇေယျာလမ်းရှိ ဆောက်လက်စ ရပ်ဆိုင်းထားသော ဗလီဝတ်ပြုကျောင်း ဆောက်လုပ်မှုကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးသည့် အနေနှင့် ခွင့်ပြုလိုက်သောကြောင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များက မကျေမနပ်ဖြစ်ကာ ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်လာနိုင်သည်အထိ အခြေအနေ တင်းမာမှု ဖြစ်ပွားခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်