သတင်းဂျာနယ်တချို့ နိုင်ငံရေးပါတီကြော်ငြာ လက်မခံ

E-mail Print
နိုင်ငံရေးပါတီ ကြော်ငြာများကို ပြည်တွင်း သတင်း ဂျာနယ်များတွင် ထည့်သွင်းခွင့် ပြုထားသော်လည်း သတင်းဂျာနယ် တချို့က လက်ခံ ထည့်သွင်းခြင်း မပြုကြောင်း သိရသည်။

သတင်းဂျာနယ် များထဲတွင် စောင်ရေ အများဆုံးဟု ဆိုနိုင်သည့် 7Day News ဂျာနယ်၊ မော်ဒန် ဂျာနယ်၊ Eleven ဂျာနယ်နှင့် ပြည်သူ့ခေတ် ဂျာနယ်များတွင် နိုင်ငံရေးပါတီကြော်ငြာများကို လုံးဝလက်ခံ ထည့်သွင်းမည်မဟုတ်ကြောင်း သက်ဆိုင်ရာ အယ်ဒီတာများက ဆိုသည်။

sattlin-photo“ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ကြော်ငြာထည့်ချင်လို့ ဆိုပြီးလာတယ်။ ဒါပေမယ့် ဒီ ဂျာနယ်ရဲ့ မူဝါဒက အရက်၊ ဆေးလိပ်နဲ့ နိုင်ငံရေးပါတီကြော်ငြာ လုံးဝလက်မခံဘူးလို့ ပြောလိုက်တော့ ဘာကြောင့် လက်မခံတာလဲ ဆိုပြီး ပြဿနာ ရှာတယ်” ဟု ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အလွန်နီးစပ်သူဟု အများကလက်ခံထားသော ဦးမြတ်ခိုင် ဦးစီးထုတ်ဝေလျက်ရှိသည့် လျှပ်တပြက်နှင့် မော်နီတာဂျာနယ်တို့တွင်လည်း “မည်သည့် နိုင်ငံရေးပါတီကြော်ငြာကိုမှ လက်ခံ ဖော်ပြမည်မဟုတ်” ဟု ဂျာနယ်စာမျက်နှာ တမျက်နှာစာ ကြော်ငြာထားသည်ကိုတွေ့ရသည်။

မော်နီတာဂျာနယ်တွင် နိုင်ငံရေးပါတီကြော်ငြာ လက်မခံကြောင်း ဖော်ပြထားသော်လည်း ၎င်း ကြော်ငြာ စာမျက်နှာနောက်ကျော၌ ကြံ့ဖွံ့ပါတီက လမ်းခင်းရာတွင် မည်သည့် တစုံတဦးထံမှ ငွေကြေးကောက်ခံခြင်း မရှိဆိုသည့် သတင်းကို ဖော်ပြထားပြီး ထိုသတင်းတွင် မြို့တော်ဝန် ဦးအောင်သိန်းလင်းက ပြည်သူလူထုအတွက် မည်မျှ အလုပ်လုပ်ကြောင်းကို အကျယ်အဝင့် ရေးသား ဖော်ပြထားသည်ဟု သိရသည်။

“ဦးအောင်သိန်းလင်းရဲ့ ဓာတ်ပုံ အကြီးကြီးနဲ့ကို ဖော်ပြထားတာ။ နောက်တမျက်နှာမှာလည်း ဇေကမ္ဘာဦးခင်ရွှေ မဲဆွယ်တဲ့ အကြောင်းကို မျက်နှာပြည့် ရေးထားတယ်။ အဲဒီတော့ ဘယ်နိုင်ငံရေးကြော်ငြာမှ လက်မခံဘူး၊ ကြံ့ဖွံ့တခုတည်းကိုပဲ ကြော်ငြာပေးမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့” ဟု သတင်းသမားတဦးက ဝေဖန်သည်။

သတင်းဂျာနယ်များ နိုင်ငံရေးပါတီကြော်ငြာ လက်မခံဟု ဆိုရာတွင် အကြောင်းအမျိုးမျိုးရှိနေပြီး တချို့ဂျာနယ်များတွင် ထုတ်ဝေသူက စိုးရိမ်ပြီး လက်မခံသည်များလည်း ရှိကြောင်းသိရသည်။

Envoy ဂျာနယ်၏ ထုတ်ဝေသူ ဒါရိုက်တာ စင်ရော်မောင်မောင်က စိုးရိမ်သဖြင့် တခြားသောပါတီများ ကြော်ငြာထည့်ရန် လာရောက် ကမ်းလှမ်းသည်ကို လက်မခံဘဲ ကြံ့ဖွံ့ပါတီ တခုတည်းကိုသာ လက်ခံမည်ဖြစ်ကြောင်း ယင်းဂျာနယ်၏ အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

ပါတီကြော်ငြာများကို လက်ခံဖော်ပြရန် အစီအစဉ်ရှိသည့် သတင်းဂျာနယ် တစောင်မှ အယ်ဒီတာတဦးက ပါတီကြော်ငြာ မထည့်လျှင်လည်း ပါတီသတင်းများကို ရေးသား ထည့်သွင်းနေရသောကြောင့် အခမဲ့ကြော်ငြာပေးနေရသည်နှင့် တူကြောင်း၊ ထို့ကြောင့် ငွေကြေးယူ၍ ကြော်ငြာလက်ခံမည် ဖြစ်ကြောင်း ပြောသည်။

“ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ကြော်ငြာ ပိုက်ဆံပေးမထည့်လည်း ဂျာနယ်တွေကို အသုံးချနေတာပဲလေ။ သူတို့ စည်းရုံးရေး ဆင်းတဲ့အခါမှာ ဂျာနယ်တွေမှာ သူတို့ကို အင်တာဗျူး လုပ်ထားတာတွေနဲ့ပဲ ဗီနိုင်းကြီးတွေလုပ်ပြီး မဲဆွယ်တာပဲ။ တချို့ ကိုယ်စားလှယ်လောင်းတွေဆို ဂျာနယ်တိုက်တွေမှာတောင် လိုက်ပြီး အင်တာဗျူးတာ ခံကြတယ်” ဟု သူက ဆက်ပြောသည်။

ယနေ့အထိ The Voice Weekly ဂျာနယ်နှင့် ပြည်မြန်မာဂျာနယ်တို့တွင်သာ နိုင်ငံရေးပါတီ ကြော်ငြာများကို တွေ့ရသည်။

ပြီးခဲ့သည့် အပတ်က The Voice Weekly ဂျာနယ်တွင် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ မျက်နှာပြည့်ကြော်ငြာ ထည့်သွင်းထားပြီး ယခုတပတ်တွင် NDF ပါတီနှင့် ကြံ့ဖွံ့ပါတီကြော်ငြာများ စာမျက်နှာတ၀က်စီ ထည့်သွင်းဖော်ပြ ထားသည်ကို တွေ့ရသည်။

The Voice Weekly ဂျာနယ်၏ ထုတ်ဝေသူ ဒေါက်တာနေ၀င်းမောင် ဦးဆောင်လုပ်ကိုင်နေသည့် Myanmar Egress မှ သင်တန်းသား အများစုမှာ NDF ပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ၎င်း ဂျာနယ်တွင် ကြော်ငြာ အခမဲ့ ထည့်သွင်းပေးခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းသတင်းအပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ကြံ့ဖွံ့ပါတီ၏ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာ တင်ထွန်းဦးပိုင် ယနေ့ထုတ် ပြည်မြန်မာသတင်းဂျာနယ်တွင်လည်း ကြံ့ဖွံ့ပါတီ ကြော်ငြာ ထည့်သွင်းထားသည်ကို တွေ့ရသည်။

ဒေါက်တာတင်ထွန်းဦးပိုင် တခြားဂျာနယ် တစောင်ဖြစ်သော Myanmar Times သတင်းဂျာနယ်တွင်လည်း နိုင်ငံရေးပါတီ မဲဆွယ်ကြော်ငြာများကို အထူးအစီအစဉ်ဖြင့် လက်ခံမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ အထူးဈေးနှုန်းဟု ဆိုသော်လည်း ကြော်ငြာခ ဈေးကြီးသည့်အတွက် ကြော်ငြာများမထည့်သွင်းနိုင်ကြောင်း NDF ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးက ပြောသည်။

“ပါတီကြော်ငြာတွေကို The Voice Weekly ဂျာနယ်မှာပဲ တွေ့ရတယ် ဆိုတာကလည်း သူတို့က အစောကြီးကတည်းက ရွေးကောက်ပွဲကို ထောက်ခံရေးသားနေတာရယ်၊ ကြော်ငြာခလည်း သက်သာတာရယ်၊ ပြီးတော့ နိုင်ငံရေးပါတီတွေနဲ့လည်း ပတ်သက်မှု ရှိနေတာကြောင့်ပါ” ဟု အဆိုပါ NDF ကိုယ်စားလှယ်လောင်းက ဆိုသည်။

ပြည်သူအများစုမှာမူ စစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အယုံအကြည်ကင်းမဲ့နေပြီး သတင်းဂျာနယ်အများစုက ရွေးကောက်ပွဲဆိုင်ရာ သတင်းများ ဖော်ပြနေသည့်တိုင် စိတ်ဝင်စားခြင်းမရှိဘဲ ရွေးကောက်ပွဲအကြောင်း မှန်ကန်သည့် သတင်းအချက်အလက် သိရှိမှု အလွန်နည်းပါးနေသည်ကို တွေ့ရသည်။

မော်ဒန်သတင်းဂျာနယ်တွင် ကြော်ငြာလက်မခံရုံမက ယနေ့အချိန်အထိ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများကို လုံးဝ ထည့်သွင်းဖော်ပြခြင်းမပြုပေ။

ကျန် ဂျာနယ်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများ ဖော်ပြရေးသားနေသော်လည်း စာပေစိစစ်ရေး၏ ဖြတ်တောက်မှုကြောင့် သတင်းမှန်များကို ပြည်သူလူထုသိရှိစေရန် အပြည့်အဝ ရေးသားဖော်ပြချင်း မပြုနိုင်ကြောင်း ဂျာနယ် အယ်ဒီတာ အသိုင်းအဝန်းက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်