ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း ကြော်ငြာဆိုင်းဘုတ်များ စထူ

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က တနိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း မိတ်ဆက် ကြော်ငြာ ဆိုင်းဘုတ်ကြီးများကို လမ်းမများနှင့် လူအသွားအလာ များသော နေရာများတွင် စိုက်ထူနေပြီဖြစ်သည်။

atw-oct-13နေပြည်တော်အတွင်းရှိ မြို့နယ် ၈ ခု၊ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအပါအ၀င် မြန်မာ တပြည်လုံးတွင် ထိုသို့ လွှတ်တော် ကိုယ်စားလှယ်လောင်းမိတ်ဆက် ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်းဖြစ်ကြောင်း ကြံ့ဖွံ့ပါတီသတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။

“ဒါက နေပြည်တော်က တိုက်ရိုက်ညွှန်ကြားချက်ပါ။ ရန်ကုန်တိုင်း မြို့နယ်အားလုံးမှာတော့ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းမိတ်ဆက် ကြော်ငြာ ဆိုင်းဘုတ်တွေ စိုက်တယ်” ဟု ရန်ကုန်တိုင်းကြံ့ဖွံ့ပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းမိတ်ဆက် မဲဆွယ် ကြော်ငြာများကို လူအသွားအလာများသော လမ်းမကြီးများဘေးတွင် လည်းကောင်း၊ ကြံ့ဖွံ့ပါတီမြို့နယ်ရုံးများရှေ့တွင် လည်းကောင်း၊ ဈေးများအနီးတွင်လည်းကောင်း စသည့် လူထူထပ်သည့် နေရာများတွင် အဓိက စိုက်ထားသည်။

မြို့နယ်တခုလျှင် လွှတ်တော်ကိုယ်စားလှယ်လောင်း မိတ်ဆက် ကြော်ငြာဆိုင်းဘုတ် ၁၀ ခု ထက်မနည်း စိုက်ထူထားရာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ကြော်ငြာဆိုင်းဘုတ်ပေါင်း ထောင်သောင်းချီ အရေအတွက်ရှိပြီး ငွေကျပ် သိန်းပေါင်းများစွာ ကုန်ကျကြောင်း ကြံ့ဖွံ့ပါတီသတင်း ရပ်ကွက်က ဆိုသည်။

တခြားသော နိုင်ငံရေးပါတီအများစုမှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် ကြော်ငြာများ စိုက်ထူနိုင်ခြင်းမရှိသေးဘဲ ပါတီတချို့က ကြော်ငြာဆိုင်းဘုတ်ထောင်ရန် ရန်ပုံငွေမရှိ ဖြစ်နေကြောင်း ကြားသိရသည်။

“ကြံ့ခိုင်ရေးက အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ ပါတီဆိုတော့ ငွေရေးကြေးရေး ဂရုစိုက်စရာ မလိုဘူး။ ကျန်တဲ့ ပါတီတွေကတော့ ရန်ပုံငွေ အကျပ်အတည်းတွေ့နေတော့ ကြော်ငြာဆိုင်းဘုတ် ထူနိုင်မှာ မဟုတ်ဘူး” ဟု နိုင်ငံရေးပါတီတခုမှ
တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့ခံတဦးကမူ ကြံ့ဖွံ့ပါတီ၏ လွှတ်တော်အမတ်လောင်း မိတ်ဆက်ကြော်ငြာ ဆိုင်းဘုတ်သည် ထိုပါတီ၏ လွှတ်တော်အမတ်လောင်းများကို မဲပေးရန် ဆွဲဆောင်နိုင်ခြင်း မရှိကြောင်း ပြောသည်။

“ကျနော်တို့ မြို့နယ်က ကြံ့ဖွံ့ လွှတ်တော်အမတ်လောင်း တယောက်က ၁၀ တန်းအောင်တဲ့၊ တယောက်က ၂၀၀၀ ပြည့်နှစ်မှာ ဘွဲ့ရတဲ့၊ ဒါပေမယ့် အသက်က ၆၀။ နောက်တယောက်က PHD၊ ၂၀၀၉ တဲ့။ ပညာအရည်အချင်းတွေက ဘယ်လိုမှ ဆွဲဆောင်မှု မရှိဘူး။ အစကတည်းကလည်း ကြံ့ဖွံ့ကို မဲပေးဖို့ အစီအစဉ်မရှိပါဘူး” ဟု ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားတဦးက ဆိုသည်။

နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်