ကန်တော်ကြီးပဲလေ့စ် ဟိုတယ် ဦးတေဇ လွှဲယူ

E-mail Print

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်ကို စစ်အစိုးရနှင့်နီး စပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးထရေးဒင်းကုမ္ပဏီက လွှဲပြောင်း လုပ်ကိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Kandawgyi“ထူးကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၂၉ သန်းနဲ့ လွှဲပေးလိုက်တာပါ။ အောက်တိုဘာ ၁၄ ရက်နေ့ ဒါရိုက်တာအဖွဲ့ အစည်း အဝေးမှာ ထူးကလူတွေ လာတက်တော့မယ်”ဟု ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ဒါရိုက်တာအဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

ဟိုတယ်မှ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများကို ဆက်လက်ခန့်ထားမည်ဖြစ်ပြီး လစာကိုလည်း ၁၀ ရာခိုင်နှုန်း တိုးမြှင့် ပေး သွားမည်ဟု သိရသည်။

ဟိုတယ် အမည်ကို ပြောင်းလဲမည် မပြောင်းလဲမည်ကိုမူ မသိရသေးပေ။

ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်ကို ထူးကုမ္ပဏီသို့ လွှဲပြောင်းပေးလိုက်ရသည့်အတွက် လက်ရှိ ဟိုတယ်တွင် ဖွင့်လှစ်ထားသော ကျောက်မျက်ရတနာ အရောင်းစင်တာမှ ဆိုင်များအားလုံး ပိတ်သိမ်းပေးရမည်ဟု ကျောက်မျက် အရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

အဆိုပါ ဆိုင်ရှင်က “အောက်တိုဘာ ၈ ရက်နေ့က လာပြောတယ်။ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းပေးတဲ့သူတွေကို ၄ လစာ ပြန်ပေးမယ်။ ဆိုင်အားလုံးကတော့ နိုဝင်ဘာလ နောက်ဆုံးထား ပြောင်းပေးရမယ်လို့ ပြောတယ်။ နိုဝင်ဘာမှာ ပြောင်းရင်တော့ ၃ လစာ ပြန်အမ်းပေးမယ်” ဟု ဆိုသည်။

“ဆိုင်ရှင်တွေ အကုန်လုံး မိုးတွင်းမှာ အရှုံးခံပြီး ဖွင့်ထားရတာ။ အခုမှ ဧည့်သည်ဝင်ခါစ၊ ရောင်းကောင်းခါစ ရှိသေးတယ်။ ပိတ်ရ ရွှေ့ရမယ်ဆိုတော့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဆိုင်ခန်းပေါင်း ၆၀ ကျော်ရှိသည့် ယင်းကျောက်မျက်အရောင်းစင်တာမှ ဆိုင်ခန်းများသည် တခန်းလျှင် တလ အမေရိကန်ဒေါ်လာ ၃၀၀ ပေးပြီး ငှားရမ်းထားရခြင်းဖြစ်ပြီး စတင်ဖွင့်လှစ်သည်မှာ ၉ လမျှသာ ရှိသေးသည်ဟု သိရသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် သာမက ဟိုတယ်သင်တန်းကျောင်း၊ ဟိုတယ်ပိုင် ပင်လယ်စာ စားသောက်ဆိုင်နေရာနှင့် လုပ်ငန်းများကိုပါ ထူးကုမ္ပဏီသို့ လွှဲပြောင်းပေးရမည် ဖြစ်ကြောင်း ဟိုတယ်မှ တာဝန်ရှိသူက ဆိုသည်။

“သင်တန်းကျောင်းကတော့ နဂိုအတိုင်း သင်တန်းတွေ ဆက်ဖွင့်သွားမှာပါ။ သင်တန်းခန်းမတွေကို အကြီးစား ပြင်ဆင်ဖို့တွေ တော့ ရှိတယ်”ဟု ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် သင်တန်းကျောင်းမှ နည်းပြတဦးက ပြောသည်။

ကန်တော်ကြီးပဲ့လေ့စ်ဟိုတယ်ကို မြန်မာပြည်ဖွား အမေရိကန်နိုင်သား ရောဘတ်သိန်းဖေ၏ Baiyoke ဟိုတယ်လုပ်ငန်းစုမှ ပိုင်ဆိုင်ပြီး မြန်မာစစ်အစိုးရနှင့် အနှစ် ၃၀ ကန်ထရိုက်စာချုပ်ချုပ် ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်ပြီး စာချုပ်သက်တမ်း ၁၃ နှစ်ကျန်ရှိသေးကြောင်း သိရသည်။

ထူးထရေးဒင်းကုမ္ပဏီက ရှန်ဂရီလာအုပ်စုပိုင် ကုန်သည်ကြီးများဟိုတယ်နှင့် နှစ် ၁၀၀ ကျော် သက်တမ်းရှိ Strand ဟိုတယ်တို့ကိုလည်း လွှဲပြောင်းလုပ်ကိုင်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဦးတေဇပိုင် ထူးထရေးဒင်းဟိုတယ်သည် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဂျပန်ကုမ္ပဏီပိုင် နီကိုးဟိုတယ်ကိုလည်း လွန်ခဲ့သည့် ၂ နှစ်ကျော်က လွှဲပြောင်းလဲကိုင်ခဲ့ပြီး ချက်ထရီယမ်ဟုအမည်ပြောင်းလဲလုပ်ကိုင်ခဲ့သည်။

ထူးထရေးဒင်းကုမ္ပဏီသည် လေကြောင်းလိုင်း၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ဟိုတယ်ခရီး လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ စသည်တို့တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်