ကြံ့ဖွံ့ ကြိုတင်မဲ စုဆောင်းမှု အရှိန်မြှင့်

E-mail Print

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)သည် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ကြိုတင်မဲ စုဆောင်းမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်းကို စတင်နေကြောင်း သိရသည်။

မြို့နယ် အသီးသီးရှိ ကြံ့ဖွံ့ပါတီ ရုံးများတွင် အောင်နိုင်ရေး အစည်းအဝေးများကို စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး နည်းလမ်း ၅ ချက်ပေါ် အခြေခံ၍ ကြိုတင်မဲ စုဆောင်းခြင်းပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ကြံ့ဖွံ့ပါတီ တာဝန်ရှိသူ တဦးက ပြော သည်။

ကြံ့ဖွံ့ပါတီ ကို ထောက်ခံသည့် ဘက်ပေါင်းစုံမှ ကြိုတင်မဲများရယူနိုင်သမျှ ရယူရန်၊ ရပ်ကွက်အတွင်းရှိ အသက် ၅၀ ကျော် သက်ကြီးရွယ်အိုများကို ကော်မရှင်ဥပဒေအရ သက်ကြီးရွယ်အို မဲအဖြစ်သတ်မှတ်ပြီး ကြိုတင်မဲ ယူရန်၊ ကြံ့ဖွံ့အသင်း လက် ထက်က လမ်းခင်းထားပေးသည့် ရပ်ကွက်များတွင် လမ်းကော်မတီနှင့် ၎င်းတို့၏ မိသားစုများထံမှ ကြိုတင်မဲ ယူထားရန်၊ ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ စသည့် အသင်းအဖွဲ့ ၃၀ ကျော်မှ ကြိုတင်မဲ ယူရန်၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ရယက ၊ မရက များ ပူးပေါင်းပြီး လူထုကြားထဲ တိုးဝင်ကာ ထောက်ခံမဲ ရယူထားရန်တို့ ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးမှူး၊ ရပ်ကွက်ကော်မရှင် အဖွဲ့ဝင်များ၊ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီအဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ အစည်းအဝေးပြုလုပ်ပြီးနောက် မြို့နယ်အလိုက် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူများမှ ကြိုတင်မဲ စုဆောင်းခြင်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“ကြံ့ဖွံ့ပါတီကနေပြီး လမ်းတွေမကောင်းဘူး ခင်းပေးမယ်။ လိုအပ်တဲ့ ကျောက်၊ သဲ၊ ဘိလပ်မြေတွေ ချပေးမယ်ဆိုပြီး ရယက ၊ မရကနဲ့ မသက်ဆိုင်တဲ့ လမ်းသာယာရေး ကော်မတီတွေ ခေါ်ပြီး အခုလို ပြောလိုက်တယ်။ ဒါကို လူကြီးတွေကလည်း လက်ခံ လိုက်တယ်ပေါ့။ ရပ်ကွက်ထဲက ရှိတဲ့လမ်း အကုန်လုံးကို ပြီးအောင်မခင်းဘဲ တပိုင်းစီကို ချန်ထားပြီး ရပ်လိုက်တယ်”ဟု တာမွေ မြို့နယ်တွင် နေထိုင်သူ တဦးက ပြောသည်။

လုပ်ငန်းများ ရပ်ဆိုင်းပြီးနောက် လမ်းကော်မတီမှ လူကြီးများအား ခေါ်ယူပြီး လမ်းဆက်လက်ခင်းလိုပါက လမ်းတလမ်းစီမှ ပါတီဝင် အင်အား ၁၀၀ ရှာပေးရမည်ဟု ကြံ့ဖွံ့ပါတီဝင်များက ပြောဆိုကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီလို လုပ်တော့ လမ်းကော်မတီတွေလည်း စိတ်ညစ်ရတယ်။ ရပ်ကွက်သားတွေကလည်း သူတို့ အလကားခင်း ပေးမယ်ဆို တော့ လုပ်အားခတွေ စိုက်ထုတ်ရှင်းပေးထားတာ ရှိတယ်။ ဒီလို အတင်းအကျပ်လုပ်တော့ ရပ်ကွက်ကလူတွေလည်း စိတ်ညစ် ရတယ်။ အခုလမ်းက ကားလည်းဝင်လို့ မရ ၊ လူသွားလို့လည်း ခက်၊ ချည်ပြီး တုတ်ပြီး ပါတီထဲ မ၀င်မနေရအောင် လုပ်တာ” ဟုလည်း တာမွေမြို့နယ်တွင် နေထိုင်သူက ပြောဆိုသည်။

၎င်းအပြင် ယမန်နေ့ကလည်း တောင်ဥက္ကလာပ မြို့နယ်ရှိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအား ကြိုတင်မဲများ ကောက်ခံသွားကြောင်း မိခင်နှင့် ကလေး စောင့်ရှောက်ရေး ၀န်ထမ်းတဦးက ပြောသည်။

စစ်အစိုးရသည် လူထုထောက်ခံမှုကို တနည်းတဖုံဖြင့်ရယူနိုင်ရန် အဖွဲ့အမျိုးမျိုးဖွဲ့စည်းကာ ၎င်းတို့ ကိုယ်တိုင် သို့မဟုတ် ဇနီး များကို နယက ရာထူးများ ယူထားခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲ ပေးစဉ်ကလည်း အစိုးရ၀န်ထမ်းများထံမှ ကြိုတင်မဲ ကောက်ယူခြင်းများ ပြုလုပ်ခဲ့သည်။


 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်