အနုပညာရှင်များ ပိတ်ပင်မှု လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ဟု သရုပ်ဆောင် ကျော်သူ ပြော

E-mail Print
HIV/AIDS ဝေဒနာရှင်များကို သွားရောက်အားပေးခဲ့သည့် စာပေအနုပညာရှင်များနှင့် ထာဝရနှင်းဆီ အငြိမ့် စီစဉ်သည့် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)တို့အား မီဒီယာများတွင် ထုတ်လွှင့်ခွင့် ဖော်ပြခွင့် ပိတ်ပင်လိုက်ခြင်းသည် လူ့ အခွင့် အရေး ချိုးဖောက်ရာကျကြောင်း ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောကြားလိုက်သည်။

“ကျနော်နဲ့ အတူတူသွားတဲ့ လူတွေကို ပိတ်လိုက်တယ် ကြားတယ်။ ဒီလိုပိတ်တာတွေ သာ ဆက်လုပ်နေမယ်ဆို ကျနော်တို့ မြန်မာ လူမျိုးတွေရဲ့ဘာသာတရား၊ စာနာမှုတွေဆိုတာ ပျောက်လာမှာပဲ။ လူ့အခွင့်အရေးကို ချိုးဖောက်ရာကျသလို ၊ ဘာသာ တရားကိုလည်း ဖျက်ဆီးရာ ကျတယ်။ နောက်တခု အနုပညာသမားဆိုတာ ပြည်သူလူထုကို ရှေ့ဆောင်လမ်းပြပြီး လုပ်နေ တာ။ ဒီအနုပညာသမားတွေက လူမှုရေးအလုပ် မလုပ်တော့ဘူး။ ဘာသာတရားကိုင်းရှိုင်းမှု မရှိတော့ဘူးဆိုရင် မျိုးဆက်တွေ အတွက်လည်း မကောင်းနိုင်တော့ဘူး”ဟု ၎င်းက ဆိုသည်။

ဦးကျော်သူက ဆက်လက်၍“အာဏာပိုင်တွေ ဒီလို လှန့်လို့ ကြောက်ပြီး မလာရဲလို့ လျော့သွားတာမျိုး ရှိလာနိုင်သလို ပိုပြီး များ လာနိုင်စရာလည်း ရှိတယ်။ လူမှုရေး စိတ်ဓာတ်တွေကိုတော့ ရိုက်ချိုးလို့ မရပါဘူး။ မြန်မာလူမျိုးဆိုတာကလည်း ဘာသာ
တရား နဲ့ လူမှုရေး ထိလာရင် ခံမယ်မထင်ဘူး။ ကျနော်တို့ကလည်း လှုမှုရေးလုပ်ဖို့သွားတာ နိုင်ငံရေးလှုံ့ဆော်ဖို့ သွားတာ မဟုတ်ဘူး။ ၂၀၀၇ စက်တင်ဘာ တုန်းကလည်း လက်သီးလက်မောင်းတန်းတာမဟုတ်ဘူး။ ဘုန်းကြီးတွေကို ဆွမ်းကပ် တာ ကြောင့် အနုပညာ လုပ်ခွင့် ၃ နှစ်ပိတ်တယ်။ လှူတဲ့ကိစ္စကို ပိတ်တယ်ဆိုတာကတော့ လူ့အခွင့်အရေး ဆုံးရှုံးတာပေါ့”ဟု ပြော ဆိုသည်။

ထိုကဲ့သို့ HIV/AIDS ဝေဒနာရှင်များကို သွားရောက်အားပေးလှူဒါန်းပြီးနောက် သွားရောက်ရာတွင် ပါဝင်ခဲ့သည့် အနုပညာရှင် များကို မီဒီယာတွင် ဖော်ပြခွင့်ပိတ်ပင်သည့် သတင်းများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းလည်း နာရေးကူညီမှုအသင်း ဦးဆောင် သူ တဦးဖြစ်သည့် ဦးကျော်သူ က ပြောသည်။

အဆိုပါ အနုပညာရှင်များ စာရင်းကို FM ရေဒီယိုလိုင်းများနှင့် မြန်မာ့ရုပ်မြင် သံကြားတွင် မဖော်ပြရန် ပြန်ကြားရေးဝန်ကြီး ဌာနမှ ပေးပို့ထားသည်ဟု မြန်မာ့ရုပ်မြင်သံကြား နှင့် နီးစပ်သူတဦးက ပြောသည်။

“ပြီးခဲ့တဲ့ သောကြာနေ့က အနုပညာရှင်တွေ နာမည်စာရင်းနဲ့ မဖော်ပြရဘူး ဆိုပြီး စာရောက်တယ်။ ဘယ်တော့အထိ ပိတ် မယ် ဆိုတာတော့ မပါဘူး။ ဒါရိုက်တာ မောင်မျိုးမင်းက ထာဝရနှင်းဆီ အငြိမ့်ဖျော်ဖြေပွဲမှာ အစိုးရကို သရော်ထားတဲ့ ပြက်လုံးတွေ ပါအောင် စီစဉ်လို့ ဆိုပြီး ကြားတယ်။ တခြား အနုပညာရှင်တွေကတော့ NLD က စောင့်ရှောက်ထားတဲ့ ဝေဒနာသည် တွေကို သွားကြည့်လို့”ဟု ချယ်ရီ FM တွင် လုပ်ကိုင်နေသည့် ၀န်ထမ်းတဦးက ပြောသည်။

ချယ်ရီ FM တွင် Music Playground ကဏ္ဍ ကို တာဝန်ယူနေသည့် အဆိုတော် ဟန်ထူးလွင်(ကျားပေါက်)ကလည်း“ပြီးခဲ့တဲ့ စနေက ကျနော် အလုပ်လုပ်နေတဲ့ ချယ်ရီ FM ကို စာရောက်တယ် ပြောတယ်။ ပိတ်တဲ့ အကြောင်းအရင်းက ဝေဒနာရှင်တွေ ဆီကိုသွားတဲ့ ကိစ္စလို့ ကျနော် ထင်တယ်။ ကျနော့်ဆီကိုတော့ တိုက်ရိုက်စာတော့ မလာဘူး”ဟု ပြောသည်။

“အပိတ်ခံရတယ်လို့ ပြောနေကြတယ်။  ဖျော်ဖြေသွား တဲ့ ထာဝရ နှင်းဆီ အငြိမ့်ကြောင့် လို့ထင်ခဲ့ဖူးတယ်။ ဒီလို အပိတ်ခံရတဲ့ အပေါ်မှာ ဘယ်တုန်းကမှ ဘယ်လိုမှ မြင်လို့ မရသလို၊ မြင်တဲ့ အတိုင်းပြောမိလို့လည်း ဒုက္ခရောက်ရတာပဲ”ဟု ဒါရိုက်တာ မောင်မျိုးမင်း ကလည်း ပြောသည်။

ယင်းကဲ့သို့ မီဒီယာတွင် ဖော်ပြခွင့်ပိတ်ထားသော်လည်း ၎င်းရိုက်ကူးမည့် ဗီဒီယို ဇာတ်ကားအတွက် ရုပ်ရှင်လုပ်ငန်းမှ ယမန်နေ့ တွင် ခွင့်ပြုချက်ကျခဲ့သည်ဟု ဆိုသည်။ 

နိုဝင်ဘာ ၂၁ ရက် က သုဝဏ္ဏ အားကစားရုံ(၁)၌ ကပြဖျော်ဖြေခဲ့သော ထာဝရနှင်းဆီ အငြိမ့်တွင် ဆိုးဝါးသည့် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်၊ ဆင်ဆာပြဿနာ၊ ကျင်းပသွားသည့် ရွေးကောက်ပွဲရလဒ်နှင့် လက်ရှိ ပြည်သူ လူထု ခံစားနေရသော အခြေအနေများကို သရော်ထားသည့် ပြက်လုံးများကို အသုံးပြု ဖျော်ဖြေခဲ့သောကြောင့် လူကြိုက်များခဲ့သည်။

ယခုကဲ့သို့ အနုပညာရှင်များကို ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ကာယကံရှင်များထံ စာပို့ အကြောင်းကြားခြင်းမရှိကြောင်း သိရ သည်။

နိုဝင်ဘာ ၂၈ ရက်နေ့က  ရုပ်ရှင်သရုပ်ဆောင် ကျော်သူနှင့် ဇနီး၊ စာရေးဆရာမ သန်းမြင့်အောင်၊ ဒါရိုက်တာ များဖြစ်သည့် မင်းထင် ကိုကိုကြီး ၊ ချိုတူးဇော် အပါအ၀င် မဇ္ဈိမလှိုင်း မှ ကိုရဲလွင်၊ အဆိုတော် အနဂ္ဂ၊ ကျားပေါက်၊ သံသာဝင်း တို့က အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လူမှု အထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားသော ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်ရှိ HIV/AIDS ဝေဒနာရှင်များအား သွားရောက်လှူဒါန်း အားပေးခဲ့ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်း ဝေဒနာရှင်များကို သွားရောက်တွေ့ဆုံ အားပေးပြီးနောက် ဝေဒနာရှင်များအား ရွှေ့ပြောင်းရန် အာဏာပိုင်များက ဖိအားပေးခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်