ကြံ့ဖွံ့နှင့် တခြားပါတီတို့ အပြန်အလှန် တရားစွဲမှုများ ရွှေ့ဆိုင်း

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် နိုင်ငံရေး ပါတီတချို့တို့ အပြန်အလှန် တရားစွဲဆိုမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်း လိုက်သည်။

အပြန်အလှန် တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်ရုံးက အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ယခုရက်ပိုင်းအတွင်း တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု NDF ပါတီ ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ကြားသိရ သည်ဟု NDF ပါတီမှ ဒေါ်ဘောက်ဂျာက ဆိုသည်။    

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့အား ကြံ့ဖွံ့ပါတီက စွဲဆိုထားသည့် အမှုများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း၊ အမှုနှင့် ပတ်သက်၍ လာမည့် ၂ ပတ်ခန့်အကြာတွင် ရွေးကောက်ပွဲကော်မရှင်က ထပ်မံ အကြောင်းကြားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရှေ့နေ ဦးမြင့်သွင်က “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ၂၉ မှု၊ ၂၇ မှုက ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကန့်ကွက်ပြီးတော့ စွဲထားတာပါ။ သူတို့ကို ကန့်ကွက်ပြီး အစွဲခံထားရတာ ၂ မှုပဲ ရှိတယ်” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီကို ကန့်ကွက်ပြီး စွဲဆိုထားသည့် ပါတီများမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူး (၁) ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် NDF မှ ဒေါ်ဘောက်ဂျာတို့ ဖြစ်သည်။

ဒေါ်ဘောက်ဂျာက “စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို မဲမသမာမှုနဲ့ ကျမ စွဲထားတယ်လေ။ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်ဆိုတော့ ကျမလည်း စောင့်ရမလိုလို၊ ဘာလုပ်ရမလဲ မသိဘူး ဖြစ်နေတယ်” ဟု ပြောသည်။

ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် NDF ကို ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ရာ ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။  

ရွေးကောက်ပွဲအပြီး ရက်ပိုင်းကာလ၌ ကြံ့ဖွံ့ပါတီ၏ မဲမသမာမှုများကို တနိုင်ငံလုံးသာမက ကမ္ဘာ့နိုင်ငံ အများအပြားကလည်း ဝေဖန်မှုများရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုဟု ပြောဆိုမှုများရှိခဲ့သည်။

နိုင်ငံရေးပါတီအများစုက ကြံ့ဖွံ့ပါတီအား တရားစွဲဆိုမှု များပြားလာပြီးနောက်ပိုင်း ကြံ့ဖွံ့ပါတီကလည်း ပြန်လှန်တရားစွဲဆိုမှုများ ပေါ်ပေါက်လာခဲ့သည်။

တရားစွဲဆိုသူက ကျပ် ၁၀ သိန်း အကုန်ခံကာ တရားစွဲဆိုရမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က စွဲဆိုခံရသူ၌ အပြစ်မရှိကြောင်း တွေ့ရှိခဲ့လျှင် တရားစွဲသူသည် ဒဏ်ငွေ ကျပ် ၃ သိန်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။ 

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာအနိုင်ရခဲ့ကြောင်း စစ်အစိုးရ မီဒီယာများက တရားဝင်ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်