မသက်သက်အောင် ကျန်းမာရေး စိုးရိမ်ရ

E-mail Print
ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် မသက်သက်အောင်၏ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ် သောကြာနေ့က မသက်သက်အောင်ရှိရာ မန္တလေးတိုင်း မြင်းခြံ အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သော မိသားစုဝင် တဦးက မသက်သက်အောင်သည် အစာအိမ်နှင့် သွေးတိုးရောဂါ ခံစားနေရကြောင်း ပြောသည်။

“အစာအိမ်တို့၊ နှလုံးတို့ ဆိုတာကတော့ အခု ကောင်းနေတာတောင် ထဖောက်ရင် ဖောက်တတ်သေးတာပဲ။ အခု သူ ဖြစ်နေတာ ၁ လကျော်ပြီ ဆိုတာကတော့ စိုးရိမ်စရာပေါ့နော်။ သမီးက ပိန်လည်း ပိန်သွားတယ်၊ မျက်နှာလည်း မလန်းဘူး” ဟု မသက်သက်အောင်၏ မိခင်ဖြစ်သူ ဒေါ်စုစုကြည်က ဧရာဝတီသို့ ပြောသည်။

တပတ်တွင် တရက် ထောင်တွင်း ဆေးကုသမှု ခံယူရသော်လည်း ထိထိရောက်ရောက် ဆေးကုမှု မရှိသောကြောင့် ရောဂါအခြေအနေမှာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားနေခြင်း ဖြစ်ကြောင်း မသက်သက်အောင်က ထောင်ဝင်စာ တွေ့ဆုံစဉ် ပြောပြခဲ့သည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၄ ခုနှင့် ရဲဘက်စခန်း ၁၀၉ ခုရှိသည်။ ယင်း စခန်းများတွင် ဆရာဝန် ၃၄ ဦး၊ ဆေးမှူး ၁၉ ဦး နှင့် သူနာပြု ၂၂ ဦးတို့က အကျဉ်းသားပေါင်း ၂၄၈၆၆၄ ဦးကို ပြုစု စောင့်ရှောက်ပေးလျက် ရှိသည်။

အထက်ပါ စာရင်းများအရ ဆရာဝန် တဦးလျှင် အကျဉ်းသား ၇၃၁၄ ဦးကို တာဝန်ယူ ကုသပေးနေခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် လမ်းလျှောက် ဆန္ဒပြခဲ့သောကြောင့် မသက်သက်အောင်ကို စစ်အစိုးရက ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်။

မသက်သက်အောင်တွင် သားသမီး ၃ ဦးရှိပြီး အငယ်ဆုံး ၂ နှစ်ခွဲ အရွယ်၌ ထောင်ချခံရသည်။ ခင်ပွန်းသည် ကိုချစ်ကိုလေး သည်လည်း နိုင်ငံရေး လှုပ်ရှားမှုများဖြင့် မကွေးတိုင်း ပခုက္ကူထောင်တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည်။

ထို့အပြင် မိသားစုဝင် ၅ ဦးသည်လည်း နိုင်ငံရေး လှုပ်ရှားမှုကြောင့် မြန်မာပြည်ရှိ အကျဉ်းထောင် အသီးသီးတွင် ရောက်ရှိနေ သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိပြီး အမျိုးသမီး အကျဉ်း သား ၁၇၀ ကျော်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အဆိုအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်