ဒဂုံတောင် လေပြင်းဒဏ်ခံ ပြည်သူများကို NLD ကူညီ

E-mail Print
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၆၉ ရပ်ကွက်တွင် မတ်လ ၁၁ ရက်နေ့က တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းဒဏ် သင့်ခဲ့သော ပြည်သူများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လှူဒါန်းကူညီလျက်ရှိသည်။

NLD ဗဟိုအထောက်အကူပြုအဖွဲ့မှ ဦးလှသိန်းက “အိမ်ခြေ ၄၀ ကျော်လောက် လုံးဝပျက်စီးသွားပြီး အိမ် ၁၀၀ လောက်က နေလို့ထိုင်လို့ မရတဲ့အခြေအနေပါ။ ပြန်ဆောက်ဖို့အတွက် လုပ်နေကြပါတယ်” ဟု ပြောသည်။

NLD လူငယ်များက ပျက်ဆီးသွားသောအိမ်များအား ပြန်လည်တည်ဆောက်ပေးခြင်း၊ အလှူငွေထောက်ပံ့ခြင်း၊ မိုးကာစများ ဝေငှခြင်း၊ အ၀တ်အထည်များ ပေးခြင်းတို့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

၆၉ ရပ်ကွက်တွင် နေထိုင်သူတဦးက  “NLD က အလှူငွေနဲ့ အ၀တ်အထည်တွေ လာလှူသေးတယ်။ အိမ်ပျက်တွေကိုလည်း ပြန်ဆောက်ဖို့ စာရင်းကောက်တယ်။ တချို့ကို မနေ့က ပြန်ဆောက်ပေးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တာပေါ်လင်စတွေ လှူလိုက်တယ်လို့ ကြားတယ်။ ကျမတို့ ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီပေးတာမို့ ရပ်ကွက်ထဲကလည်း ကျေးဇူးတင်နေကြပါတယ်” ဟု ပြောသည်။

အမှတ် ၆၉ ရပ်ကွက်သည် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဆက်စပ်လျက်ရှိပြီး အခြေခံလူတန်းစား အများဆုံးနေထိုင်သော ရပ်ကွက်တခုဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မတ်လ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်း ခရမ်းမြို့နယ် အေးရွာတွင်  အိမ်ခြေ ၁၆လုံး၊ မြောက်ဒဂုံမြို့နယ်တွင် အိမ်ခြေ ၉၄ လုံး၊ တောင်ဒဂုံ မြို့နယ်တွင် အိမ်ခြေ ၃၈ လုံးနှင့် ဧရာဝတီတိုင်း သရက်ချောင်းကျေးရွာတွင် အိမ်ခြေ ၂၀ ခန့်  ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု မတ်လ ၁၄ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်