ဝက်နားရွက်ပြာ ရောဂါ ပညာပေးမှု အားနည်း

E-mail Print
မွေးမြူရေးခြံများကို အသိပညာပေးမှု အားနည်းသောကြောင့် ရန်ကုန်တိုင်းအတွင်း ဝက်နားရွက်ပြာရောဂါ ကူးစက်မှုနှုန်း များကာ သေဆုံးမှုနှုန်း မြင့်မားနေခြင်း ဖြစ်ကြောင်း သိရသည်။

Blue-Pig
“ကျနော်တို့ လူတွေ ပညာပေးတာ အားနည်းလို့ ရန်ကုန်အထိ ကူးလာတာပါ”ဟု မြန်မာနိုင်ငံ မွေးမြူရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းစိန်က အပတ်စဉ် ပြုလုပ်သည့် သားငါးကဏ္ဍ ဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောသည်။

မန္တလေးမြို့မှ စတင်ဖြစ်ပွားခဲ့သည့် ၀က်နားရွက်ပြာရောဂါသည် ဇွန်လ ၇ ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ ၀က်ခြံတခြံတွင် ဖြစ် ပွားကာ ယခုအခါ ရန်ကုန်တိုင်းအတွင်းရှိ ၀က်မွေးမြူရေးခြံများမှတဆင့် တနိုင်တပိုင်ခြံများအထိ ကူးစက်လာကြောင်း၊ သေဆုံး မှုများလည်း ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“တဖြုတ်ဖြုတ်နဲ့ ဟိုဘက်ဝက်ခြံ ကလည်းသေ၊ ဒီဘက်ခြံကလည်း သေဆိုတော့ ကျနော့်ဆီက ၀က်တွေကို မကူးအောင် ကာကွယ်ဆေး ထိုးလိုက်တော့ ၀က်မကြီးတွေ သားပျက်ကျ ကုန်တယ်”ဟု ၀က်မွေးမြူရေး လုပ်ကိုင်သူ တဦးက ပြောသည်။

ဝက်နားရွက်ပြာရောဂါကြောင့် ဝက်များ သေဆုံးမှု မရှိစေရန်ထိုးရသည့် ကာကွယ်ဆေး တလုံးလျှင် ကျပ် ၂၀၀၀ ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်ရှိ တပိုင်တနိုင် ၀က်မွေးမြူသူ တဦးက ပြောသည်။

“၀က်တိုင်းကို မထိုးနိုင်ဘူး။ တကောင်ကို ၇ လုံးလောက် ထိုးပေးရတာ။ ၀က်မကြီးတွေကိုပဲ ထိုးပေးတယ်။ ၀က်ကလေးတွေ ကိုတော့ ကာကွယ်ဆေး မထိုးနိုင်တော့ဘူး”ဟု ၎င်းက ဆိုသည်။

ဝက်မွေးမြူရေး ခြံအများစုမှာ တရုတ်ပြည်မှ တရားမ၀င် တင်သွင်းလာသော ကာကွယ်ဆေးများအား တိရစ္ဆာန်ဆေးကု ဆရာ ၀န် ညွှန်ကြားချက် မပါဘဲ မိမိသဘောနှင့်မိမိ ၀ယ်ယူ ထိုးနှံနေကြကြောင်း၊ ထိုသို့ ကိုယ်တိုင် ထိုးနှံသည့်အတွက် မလိုလားအပ်သော ဘေးထွက် ဆိုးကျိုးများရှိနိုင်ကြောင်း တိရစ္ဆာန်ရောဂါရှာဖွေရေး ဌာနမှ ဆရာဝန် တဦးက ပြောပြသည်။

“ကိုယ့်ဘေးခြံမှာ ၀က်သေတယ် ကြားရုံနဲ့ ကိုယ့်ဝက်ကလည်း အစာမစားဘူး ဆိုရင် သေမှာ ကြောက်ပြီး ဆေးဆိုင်ပြေး၊ တရုတ်ပြည်က တရားမ၀င် ၀င်လာတဲ့ ဆေးကိုဝယ်၊ ကိုယ့်ဟာကိုယ် ထိုးလို့ သေကုန်တာတွေလည်း ရှိနေတယ်”ဟု ၎င်းက ဆို သည်။

အဆိုပါ ၀က်ခြံများတွင် အသုံးပြုနေသော တရုတ်ပြည်မှ ၀င်ရောက်လာသည့် ဆေးဝါးမှာ ဘေးထွက်ဆိုးကျိုး အနေဖြင့် ၀က်မ များ သားပျက်ကျခြင်း၊ နို့မထွက်ခြင်း၊ အောက်ပိုင်းချိနဲ့ခြင်းတို့ ဖြစ်ပွားနေကြောင်း တိရစ္ဆာန်ဆေးကု ဆရာဝန်တဦးက ပြော သည်။

ဝက်နားရွက်ပြာရောဂါကြောင့် ဝက်သေဆုံးသည့်ခြံများကို မွေးမြူရေးနှင့် ကုသရေးဦး စီးဌာနမှ လာရောက်စစ်ဆေးခြင်း၊ ဆေး ၀ါး ကုသမှုပေးခြင်း မရှိသောကြောင့် ၀က်မွေးမြူသူများအနေဖြင့် ကိုယ့်သဘောနှင့်ကိုယ် ဆေးဝါးကုသ နေကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေး အဖွဲ့မှ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်