သတင်းတိုများ

သတင်းတိုများ

ဒေါ်လာဈေးကျ၊ ပြည်ပပို့ကုန်လုပ်ငန်းများ အရှုံးပေါ်ရပ်ဆိုင်း

အမေရိကန် တဒေါ်လာလျှင် ဒီဇင်ဘာ လကုန်ပိုင်းက ၈၅၀ ကျပ်ရှိရာမှ ယခု ၈၂၇ ကျပ်အထိ ကျဆင်းသွားပြီး ဆန်၊ ပဲမျိုးစုံ၊ ငါးပုဇွန်နှင့် ရေထွက်ပစ္စည်း တင်ပို့သည့် လုပ်ငန်းများ အပါအ၀င် ပြည်ပပို့ကုန် လုပ်ငန်းများအားလုံးနီးပါး အရှုံးပေါ် ရပ်ဆိုင်းထားရကြောင်း သိရသည်။ FEC ၁ ယူနစ် လျှင် ၇၉၀ ကျပ်သာ ရှိပြီး အရောင်းအ၀ယ် အလွန်ပါးသည်။ ရွှေဈေးမှာမှာလည်း ကျဆင်းနေပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ဒီဇင်ဘာလကုန်ပိုင်း၌ ၆၅၀၀၀၀ ကျပ်ကျော် ရှိရာမှ ယခု ၆၄၀၀၀၀ ကျပ် အထိ ဈေးကျဆင်းသွားသည်။
သတင်းတိုများ

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး နိုင်ငံရေးသင်တန်း တက်ရမည်

ပြည်သူ့လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ၅၆ ဦး စုစုပေါင်း တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြီးသတ်ရွေးချယ်လိုက်ပြီး ဖြစ်သောကြောင့် ၎င်းတို့သည် နေပြည်တော်တွင် ဇန်န၀ါရီလ ၆ ရက်နေ့မှ စတင်၍ တပတ်ကြာ ဥပဒေရေးရာနှင့် နိုင်ငံရေး သင်တန်း တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

တိုက်ပွဲအတွင်း နအဖ တပ်သား တဦး DKBA ဖမ်းမိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေ ဒေသတွင် ယမန်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ် စကခ ၁၉ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၂၉၉ တို့ တိုက်ပွဲငယ် ဖြစ်ပွားရာ နအဖ တပ်သား တဦးကို DKBA က ဖမ်းမိထားကြောင်း သိရသည်။ ယင်းဖမ်းမိ တပ်သားကို မသတ်ပစ်ဘဲ စစ်သုံ့ပန်း အနေနှင့် ထိန်းသိမ်း ထားမည်ဖြစ်သည်ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောကျော်သက်က ပြောသည်။
သတင်းတိုများ

ဂီရိ ဒေသ ကူညီရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

ရခိုင်ပြည်နယ်မှ ဂီရိလေဘေးသင့် ဒေသများကို ကူညီထောက်ပံ့မှုပေးရန် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး ခေါင်းဆောင် များက နိုင်ငံတကာ သို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပန်ကြားလွှာတစောင် ထုတ်ပြန်၍ တောင်းဆိုလိုက်ကြောင်း သတင်းရ သည်။ ထိုပန်ကြားလွှာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၀ါရင့် နိုင်ငံရေးသမားများ၊ CRPP အဖွဲ့ဝင်များနှင့် ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစုများ စုစုပေါင်း လူ ၃၀ ၀န်းကျင်က လက်မှတ်ရေးထိုးကြကြောင်း သိရသည်။ ဂီရိ ဒေသ ကူညီရေး လိုအပ် ငွေ အမေရိကန် ဒေါ်လာ ၅၇ သန်း အနက် ၂၀.၅ သန်းသာ ရရှိသေးကြောင်း UNOCHA က ထုတ်ပြန် ထားသည်။
သတင်းတိုများ

မြန်မာ-တောင်ကိုရီးယား အထူး ဗီဇာကင်းလွတ်ခွင့် သဘောတူ

မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရေး သဘောတူစာချုပ် ချုပ်ဆိုကြကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးက နေပြည်တော်သို့ လာရောက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စာချုပ်ချုပ်ဆိုကြခြင်း ဖြစ်သည်။
သတင်းတိုများ

မိတ္ထီလာ ထောင်ကို ဦးတေဇ ၀ယ်မည်

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာ အကျဉ်းထောင်ကို ကျပ် သိန်းပေါင်း နှစ်သောင်း ဖြင့်ဝယ်ယူ၍ ဈေးဝယ် စင်တာ (Shopping Mall) ဆောက်မည် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောသည်။ ထို့အပြင် မိတ္ထီလာမြို့ရှိ ရွှေဘို ရုပ်ရှင်ရုံကိုလည်း ဦးတေဇက ကျပ်သိန်း ခုနစ်ထောင့် ရှစ်ရာနှင့် ၀ယ်ထားသေးသည်ဟု မိတ္ထီလာ မြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပြသည်။
သတင်းတိုများ

ဂျပန်နှင့် စင်္ကာပူ က သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ကူညီမည်

ဂျပန်နိုင်ငံနှင့် စင်္ကာပူ နိုင်ငံက လာမည့်နှစ်အတွက် မြန်မာနိုင်ငံကို မြေငလျင် နှင့် သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး ဆိုင်ရာ အကူအညီများပေးရန် ရှိကြောင်း သိရသည်။ စင်္ကာပူ နန်ယန်း တက္ကသိုလ် နှင့် ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်တို့က ပညာရှင်များ လာရောက်မည်ဖြစ်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မန်အောင် နှင့် ရမ်းဗြဲ မြို့များ အပါအ၀င် ရခိုင် ကမ်းရိုးတန်း တလျှောက်တွင် လေ့လာရေးများပြုလုပ်ကြမည်ဖြစ်ကြောင်း၊ ထို့အပြင် တရုတ် တိုင်ပေ ကလည်း မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။
သတင်းတိုများ

စစ်ပြေး ဒုက္ခသည်များကို ပြန်မပို့ရန် ထိုင်းကို UNHCR တိုက်တွန်း

ထိုင်းဘက်တွင် ယာယီခိုလှုံနေသည့် မြန်မာ စစ်ပြေး ဒုက္ခသည် ၂၀၀ ခန့်အား ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက နေရပ်ပြန်ခိုင်းမှုနှင့် ပတ်သက်၍ UNHCR က အတင်းအကြပ် ပြန်မပို့ရန် တိုက်တွန်းလိုက်သည်။ အမျိုးသမီး ၅၀ ကျော်နှင့် ကလေး ၇၀ ကျော် ပါဝင်နေသည့် ယင်းဒုက္ခသည်များမှာ စစ်ဖြစ်နေဆဲ ဝေါ်လေဒေသသို့ ပြန်ရန် အသင့်မဖြစ်သေးဟု သိရကြောင်း UNHCR ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
သတင်းတိုများ

စစ်ပြေး ဒုက္ခသည်များကို ပြန်မပို့ရန် ထိုင်းကို UNHCR တိုက်တွန်း

ထိုင်းဘက်တွင် ယာယီခိုလှုံနေသည့် မြန်မာ စစ်ပြေး ဒုက္ခသည် ၂၀၀ ခန့်အား ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက နေရပ်ပြန်ခိုင်းမှုနှင့် ပတ်သက်၍ UNHCR က အတင်းအကြပ် ပြန်မပို့ရန် တိုက်တွန်းလိုက်သည်။ အမျိုးသမီး ၅၀ ကျော်နှင့် ကလေး ၇၀ ကျော် ပါဝင်နေသည့် ယင်းဒုက္ခသည်များမှာ စစ်ဖြစ်နေဆဲ ဝေါ်လေဒေသသို့ ပြန်ရန် အသင့်မဖြစ်သေးဟု သိရကြောင်း UNHCR ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
သတင်းတိုများ

UWSPညီလာခံ အစိုးရသစ်နှင့်ဆက်ဆံရေး သဘောတူညီချက်များ ချမှတ်

“ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)က ဦးစီးကျင်းပနေသည့် ၁၀ ရက်ကြာညီလာခံမှတဆင့် “ဝ”ဒေသ ဖွံ့ဖြိုး တိုး တက်ရေး အပါအဝင် အစိုးရသစ်နှင့် ဆက်ဆံရေးတို့အတွက် အချက် ၆ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သတင်း ရရှိသည်။ ၎င်းညီလာခံကို “ဝ”ဒေသတွင်းမှ မိုင်းမောမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး ကိုယ် စားလှယ် ပေါင်း၂၀၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။
သတင်းတိုများ

ယုဇနကုမ္ပဏီ မြေယာ အမှု အမိန့်ချတော့မည်

စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီကို ကချင်ပြည်နယ်မှ မြေယာ အသိမ်းခံရသည့် တောင်သူများက လျော်ကြေး ရလိုမှုဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ ပြည်နယ် တရားရုံး၌ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အမိန့်ချမည် ဖြစ်ကြောင်း တောင်သူများ၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီသို့ ပြောသည်။ “ပြင်ပ နစ်နာမှုတွေပါ၊ တောင်သူတွေ လယ်တွေ ပျက်စီးတယ်၊ လယ်တွေ၊ ယာတွေ၊ ဥယျာဉ်တွေ၊ စိုက်ပျိုးသီးနှံတွေ ပျက်စီးတဲ့ အတွက် နစ်နာ ဆုံးရှုံး တာတွေ တောင်း ထားတာပါ”ဟု ၎င်းက ဆိုသည်။ ယုဇန ကုမ္ပဏီက ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ မြေယာများ သိမ်းယူခြင်းကို ၂၀၀၇ ခု နှစ် ကတည်းက မိုးညှင်းခရိုင် ဖားကန့် မြို့ရှိ ကျေးရွာများတွင် စတင်ခဲ့ခြင်းဖြစ်ပြီး တောင်သူဦးရေ ၆၀၀ ကျော်၏ မြေ ၁၃၃၈ ဧကကို သိမ်းယူခဲ့ခြင်းဖြစ်သည်။
သတင်းတိုများ

ရန်ကုန် မှ မန္တလေး သို့ ၇ နာရီ ခန့်ဖြင့် ရောက်နိုင်မည်

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ နေပြည်တော်-မန္တလေး လမ်းပိုင်းကို ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိ သူ တဦးက ပြောသည်။ အဆိုပါလမ်း ဖွင့်ပြီးချိန်တွင် ခရီးသည်တင်ယာဉ်များမှာ ရန်ကုန်နှင့်   မန္တလေး သို့ ၇ နာရီခန့်ဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ရန်ကုန်-နေပြည်တော် အမြန်လမ်းကို ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါ နိုင်ငံ က ဖိတ်ခေါ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် နိုင်ငံသား တဦးအဖြစ် လက်ခံ၍ ကနေဒါ နိုင်ငံသို့ လာရောက် လည်ပတ်ရန် ၀န်ကြီးချုပ် မစ္စတာ စတီဖင် ဟာပါ က ဖိတ်ခေါ်လိုက်သည်ဟု အေအက်ဖ်ပီ သတင်းတွင် ရေးသား ထား သည်။ ၂၀၀၇ ခုနှစ် ကတည်းက တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၊ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင် အဂ္ဂါခန် တို့ ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံ သား တဦးအဖြစ် ကနေဒါ ပါလီမန်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

မွန် ပါတီ စီးပွားရေး လုပ်မည်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) သည် ရေရှည်ရပ်တည်ရေး အတွက် စီးပွားရေးလုပ်ငန်း တချို့လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အဓိကစီးပွားရေး လုပ်ငန်းများမှာ ရာဘာလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆန်စပါးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး စသည့် လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု AMDP ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။ ၎င်းတို့ ပါတီသည် လွှတ်တော် အတွက် ကြိုတင်ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် အစည်းအဝေး လုပ်နေကြောင်း သိရသည်။
သတင်းတိုများ

နိုင်ငံရေးအကျဉ်းသားများကို မန္တလေး NLD ငွေထောက်ပံ့

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုင်ငံရေးအကျဉ်းသား ၄ ဦးအတွက် ထောက်ပံ့ငွေ ၅၀၀၀၀ ကျပ်စီကို ၎င်းးတို့၏ မိသားစုများထံ ယနေ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းတွင် နိုင်ငံရေးမှုဖြင့် ထိန်းသိမ်းခံရသူ ၄၀ ဦးရှိနေရာ လစဉ်အလှည့်ကျ ထောက်ပံ့မှုပေးနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့မှ စတင်ကူညီမှုပေးခဲ့ရာ ယခုအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၂၂ ဦးကို ထောက်ပံ့ပေးခဲ့ကြောင်း၊ ယခု တကြိမ်ထောက်ပံ့မှုတွင် NLD ပါတီဝင် ၂ ဦးနှင့် ပါတီဝင်မဟုတ်သည့် နိုင်ငံရေးအကျဉ်းသား ၂ ဦးလည်း  ပါဝင်ကြောင်း မန္တလေးတိုင်း NLD စည်းရုံးရေးအဖွဲ့ဝင် ဦးကိုကိုလေးက ပြောသည်။
သတင်းတိုများ

KNPP နအဖ ယာဉ်တန်းကို တိုက်ခိုက် ၊ ၃ ဦး ကျဆုံး

ကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့၌ ခြုံခို တိုက်ခိုက်ခဲ့သောကြောင့် နအဖ ဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူဦးရယ်က ဧရာဝတီသို့ ပြောသည်။
သတင်းတိုများ

ဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမ ပွဲစဉ် မလေးရှား နိုင်

ဆူဇူကီးဖလား ၂၀၁၀ ဗိုလ်လုပွဲ ပထမ ပွဲစဉ်တွင် အိမ်ရှင် မလေးရှားအသင်းက အင်ဒိုနီးရှားအသင်းကို ၃ ဂိုးပြတ်နိုင်သည်။ ယခု ကဲ့သို့ ယမန်နေ့က ဂိုးပြတ်နိုင်ထားသော်လည်း ဒုတိယ ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကစားရမည်ဖြစ် သောကြောင့် အကောင်းဆုံးဖြစ်ရန် ကြိုးစားမည်ဖြစ်ကြောင်း မလေးရှားနည်းပြ ရာဂျာဂိုဗယ်က ပြောသည်။ မြန်မာ အသင်းသည် အုပ်စု အဆင့်တွင် ဗီယက်နမ်၊ စင်ကာပူ တို့အား ရှုံးပြီး ဖီလစ်ပိုင်အား သရေကျခဲ့သည့်အတွက် ဒီဇင်ဘာလ ၈ ရက်နေ့ ကတည်းက  အုပ်စု အဆင့်မှ လှည့်ပြန်ခဲ့ရသည်။
သတင်းတိုများ

ဂန္ဒီခန်းမကြီးကို နေရာ ရွှေ့ပြောင်းမည်

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ဂန္ဒီခန်းမကြီးကို ရန်ကင်းမြို့နယ်ရှိ လယ်/ဆည် ဝန်ကြီးဌာန ရုံးဟောင်းသို့ အာဏာပိုင်များက မကြာမီပြောင်းရွှေ့ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ ဂန္ဒီခန်းမသည် သမိုင်းဝင် အဆောက်အအုံတခု ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် NLD သည် ဂန္ဒီခန်းမတွင် အစည်းအဝေးကျင်းပကာ လွှတ်တော် ခေါ်ယူရေးအတွက် “ဂန္ဒီခန်းမ ကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့သည်။
သတင်းတိုများ

စစ်အစိုးရ သတင်းစာမှတဆင့် ဒေါ်အောင်ဆန်းစုကြည်ကို သတိပေး

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများကို အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အင်္ဂလိပ်ဘာသာပိုင်း မြန်မာ့အလင်း သတင်းစာ ခေါင်းကြီးပိုင်းက သတိပေး ရေးသားထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားပြီး အနောက်နိုင်ငံများ၏ စီပွားရေးပိတ်ဆို့ အရေးယူမှုကိုလည်း ထောက်ခံထားသည်။ ယမန်နေ့က ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲ မိန့်ခွန်းတွင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တိုးတက်ကောင်းမွန်နေသည်ဟု ပြောသွားသည်။
သတင်းတိုများ

ကူးစက်ရောဂါ အကြောင်းပြချက်ဖြင့် စစ်ပြေးဒုက္ခသည်များကို ပြန်ပို့ခိုင်း

နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ ဘက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၃၃ ဦးကို ထိုင်း ဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည့် အကြောင်းပြချက်ဖြင့် မြန်မာဘက်ကမ်းသို့ ပြန်ပို့ရန် တောင်းဆိုနေကြသည်။ ဒုက္ခသည်အားလုံးကို ဆေးစစ်ချက်များအရ မည်သည့် ရောဂါလက္ခဏာမျှ မတွေ့ရကြောင်း နောက်ဆုံးရရှိသည့် သတင်းများအရ သိရသည်။
Page 31 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်