သတင်းတိုများ

သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် သားငယ်နှင့် ပြန်တွေ့ပြီ

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်စ်သည် ယနေ့နံနက် ၉ နာရီက ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး မိခင်ဖြစ်သူနှင့် ပြန်လည် ဆုံတွေ့ခဲ့ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီ အရေးကို ဆောင်ရွက် နေရသဖြင့် သားဖြစ်သူနှင့် ၁၀ နှစ်ကြာ ခွဲခွာနေခဲ့ရာမှ ယခု ပထမဆုံးအကြိမ် ပြန်လည် ဆုံတွေ့ရခြင်းဖြစ်သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ပြည်ဝင်ခွင့်ဗီဇာ ရရှိ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim Aris) သည် မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ရရှိသွားပြီ ဖြစ်ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က အတည်ပြုပြောဆိုလိုက်သည်။ ကိုထိန်လင်း အနေဖြင့် မည်သည့် နေ့တွင် ရန်ကုန်ရောက်ရှိမည်ကို မသိရသေးကြောင်း၊ လေယာဉ်လက်မှတ် ရရှိမှုအပေါ် မူတည်၍ အမြန်ဆုံး လာရောက်လိမ့်မည် ဟု မျှော်လင့်ကြောင်းလည်း ဦးအုံးကြိုင်က ဆက်လက် ပြောဆိုသည်။
သတင်းတိုများ

မြန်မာ - တရုတ် မြန်နှုန်းမြင့်ရထားလမ်း ဖောက်မည်

တနာရီလျှင် ကီလိုမီတာ ၁၇၀ မှ ၂၀၀ အထိ မောင်းနှင်နိုင်သော မြန်နှုန်းမြင့် ရထားလမ်းကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ချိတ်ဆက် တည်ဆောက်ရန် စတင် ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်နှင့် တရုတ်နိုင်ငံ ယူနန်ဒေသရှိ ကူမင်းမြို့တော်ကို ချိတ်ဆက် တည်ဆောက်မည့် အဆိုပါ ရထားလမ်းမှာ အရှည် ၁၂၉၀ ကီလိုမီတာရှိမည်ဖြစ်ပြီး ၉ နာရီကျော် မောင်းနှင်ရုံဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

နာရေးကူညီမှုအသင်းက NLD စောင့်ရှောက်ထားသည့် HIV ဝေဒနာသည်များကို သွားရောက်လှူဒါန်း

NLD လူမှုအထောက်အကူပြုအဖွဲ့မှ ပြုစု စောင့်ရှောက်ထားသည့် HIV/ AIDS ဝေဒနာရှင်များကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဦးကျော်သူနှင့် Hip Hop အဆိုတော် အနဂ္ဂတို့က ယနေ့ နံနက်ပိုင်းတွင် ဒံပေါက်ထမင်းနှင့် အဝတ်အထည်များ သွားရောက် လှူဒါန်းခဲ့ကြပြီး ဝေဒနာရှင်များကို နှုတ်ဆက် အားပေးကြကြောင်း သတင်းရရှိသည်။
သတင်းတိုများ

NLD လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

NLD လူငယ်အဖွဲ့ကို ခိုင်မာစွာ ပြန်လည်ဖွဲ့စည်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ NLD လူငယ်များ ရွှေဂုံတိုင် ရုံးချုပ်၌ ယနေ့ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းတိုများ

ဂျာနယ် ၉ စောင် ထုတ်ဝေခွင့် ခေတ္တပိတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းဖော်ပြမှုကြောင့် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ခေတ္တ ရပ်ဆိုင်း လိုက်ကြောင်း သတင်းရရှိသည်။ The Voice၊ 7 Day News၊ Venus၊ ပြည်သူ့ခေတ်၊ မြန်မာ့ပို့စ်၊ လျှပ်တပြက်၊ Myanmar Newsweek ဂျာနယ် တို့ကို ထုတ်ဝေခွင့် ၁ ပတ်စီ ပိတ်လိုက်ပြီး First Eleven အားကစားဂျာနယ်၊ Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် ၂ ပတ် ပိတ်လိုက် ကြောင်း စာပေစိစစ်ရေးရုံးတွင် ကြေညာထားသည်။
သတင်းတိုများ

ပြည်သူများ တော်လှန်ရေးစိတ်ဓာတ် ရှိရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုဝင်ဘာလ ၂၀ ရက်နေ့က ၀ါရင့်နိုင်ငံရေး သမားကြီးများ သက်ကြီးပူဇော်ပွဲ တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ အောင်မြင်ရေးအတွက် ပြည်သူများ အနေနှင့် တော်လှန်ရေး စိတ်ဓာတ်မွေးမြူပြီး အဆုံးတိုင်အောင် နိုင်ငံရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသွားသည်။
သတင်းတိုများ

HIV/AIDS ဝေဒနာရှင်များ နေရာပြောင်းရမည်

NLD လူမှု အထောက်အကူပြု အဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/ AIDS ဝေဒနာရှင်များကို အာဏာပိုင်များမှ ဖွင့်လှစ် ထားသော သာကေတ အဝိုင်းထိပ်မှ ဂေဟာသို့ လွှဲပြောင်းပေးရန် ရန်ကုန်မြို့မှ သက်ဆိုင်ရာ ဆရာဝန်ကြီးများက NLD လူငယ်တဦးဖြစ်သူ ကိုရာဇာကို ယနေ့ ခေါ်ယူပြောဆိုကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁၇ ရက်က ယင်း ဝေဒနာရှင် များကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု အားပေးပြီးနောက်ပိုင်း ယခုကဲ့သို့ ပြောင်းရွှေ့ ခိုင်းဖြစ်သည်။
သတင်းတိုများ

ချင်းမိုင်မှာ ကမ္ဘာ့ ကလေးများနေ့ ကျင်းပ

နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်ရှိ အနုပညာ ခန်းမတွင် မြန်မာရွှေ့ပြောင်းကလေးများက “သံဆူးကြိုးများ နောက်မှ ပျံသန်းခြင်း”ဟု အမည်ရသည့် ပွဲတော် တခု ကျင်းပခဲ့ပြီး “ကြွေလွင့်ပန်းကလေးများ” ပြဇာတ်ကို ဖျော်ဖြေတင်ဆက်ခဲ့သည်။ ယင်း အစီအစဉ်ကို United ACT , HREIB , TRAFFCORD အဖွဲ့များက တင်ဆက်ခြင်းဖြစ်ပြီး ကလေးများအား လူကုန်ကူးခြင်းကို ကာကွယ် တားဆီးရန် တိုက်တွန်းခဲ့ကြသည်။
သတင်းတိုများ

မန္တလေး ဗုံးကွဲ ၂ ဦး ဒဏ်ရာရ

ယနေ့ နံနက် ၇ နာရီဝန်းကျင်က မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ် အိမ်တော်ရာ ဘုရားဝင်း အတွင်း ဗုံးတလုံးပေါက်ကွဲ သောကြောင့် ဂေါပကအဖွဲ့ဝင်တဦးနှင့် တခြား အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။“ဘုရား ဝေယျာဝစ္စ လုပ်နေရင်းဖြစ်သွားတာဆိုတော့ လက်ကိုထိသွား တယ်၊ နောက်အမျိုးသား တဦးလည်း နည်းနည်း ပါးပါးတော့ ထိသွားတယ်၊ ကျန်တာတော့ ဘာမှမဖြစ်ပါဘူး”ဟု ဂေါပကအဖွဲ့ဝင်လူကြီးတဦး က ဆိုသည်။ ဗုံးပေါက်ကွဲ ပြီးနောက် အိမ်တော်ရာ ဘုရားဝင်း အား ပိတ်ထားလိုက်ကြောင်း သိရှိရသည်။
သတင်းတိုများ

အင်တာနက်ဆိုင်များတွင် CCTV ကင်မရာ တပ်ရမည်

ရန်ကုန် မြို့တော်ခန်းမ အနီးရှိ အင်တာနက်ဆိုင်တခု၌ ဗုံးတွေ့ရှိပြီးနောက် အင်တာနက်ဆိုင်များတွင် CCTV ကင်မရာများ တပ်ဆင် ရန် အာဏာပိုင်များက ညွန်ကြားထားကြောင်း သတင်းရသည်။ တပ်ဆင်ထားခြင်း ရှိမရှိ လာရောက် စစ် ဆေးမည်ဟု သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက လာပြောဆိုထားကြောင်း ရန်ကုန်မြို့တွင်းနှင့် အလုံမြို့နယ်ရှိ အင်တာနက် ဆိုင်ပိုင်ရှင်များကပြောကြား သည်။“ဗုံးတွေ့လို့ဆိုပြီးတော့ CCTV တပ်ဖို့လာပြောထားတယ်။ လာစစ်မယ်လို့ ပြောထားတော့ တပ်ရ မှာပေါ့။ အခုထိတော့ မတပ် သေးဘူး”ဟု ရန်ကုန် ပန်းဆိုးတန်းလမ်းရှိ အင်တာနက်ဆိုင် တာဝန်ခံ တဦးက ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့မည်

ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာများ အဖြေ ရှာ မှသာ မြန်မာ့စီးပွားရေးတိုးတက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။ မြန်မာ နိုင်ငံ ရွှေ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ် အသင်းများမှ စီးပွားရေး လုပ်ငန်းရှင်များက လက်ရှိ မြန်မာ့စီးပွားရေးမှာ ထွက်ပေါက် မရှိသော အခြေအနေမျိုးတွင် ဆိုက်ရောက်နေကြောင်း ပြောဆိုကြသည်။
သတင်းတိုများ

မြ၀တီ၌ တိုက်ပွဲ စိုးရိမ်၍ ကျောင်းနှင့်ရုံးများပိတ်

DKBA နှင့် အစိုးရတပ်များ တိုက်ပွဲ ပြန်လည် ဖြစ်လာနိုင်သည့် အတွက် ကရင်ပြည်နယ် မြ၀တီမြို့တွင် စာသင် ကျောင်းများ၊ အစိုးရ ရုံးများကို ယနေ့ နေ့လယ် ၂ နာရီခန့်က စတင် ပိတ်ထားလိုက်ကြောင်း မြို့ခံတဦးကပြောသည်။ ထို့အပြင် သင်္ကန်း ညီနောင်မြို့အနီး နယ်မြေများတွင်လည်း တိုက်ပွဲများဖြစ်နေသည်ဟု သတင်းရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် တသီးပုဂ္ဂလ လွှတ်တော်အမတ်များနှင့်တွေ့

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်က ရွေးကောက်ပွဲ ဝင်ခဲ့သည့် တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း ၁၁ ဦးနှင့် တွေ့ဆုံခဲ့ပြီး နေ့လယ်တွင် ၎င်းလွတ်မြောက်ပြီး ပထမဆုံးအကြိမ် NLD အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်းတိုများ

ထိုင်း - မြန်မာနယ်စပ် အတွက် ငှက်ဖျားဆေး မလုံလောက်ဟု WHO အတည်ပြု

ထိုင်း - မြန်မာနယ်စပ်တွင် ကူးစက်ပျံ့နှံ့ နေသည့် ငှက်ဖျားရောဂါ ကာကွယ်ရန် စွမ်းအားပြည့်ဆေး လုံလောက်မှု မရှိသည့် ပြဿနာနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြု သတင်း ထုတ်ပြန်လိုက်သည်။ WHO တွင် တာဝန်ယူနေသော ဒေါက်တာ ပတ်စကယ် ရင်းဝက်ဒ်က ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် အဆိုပါ ပြဿနာနှင့် ရင်ဆိုင် နေရသောကြောင့် ထိုင်း - မြန်မာနယ်စပ်တွင်ပါ ဆေးမလုံရောက်မှု ဖြစ်နိုင်သည်ဟု သတိပေးပြီးဖြစ်ကြောင်း ပြောသည်။
သတင်းတိုများ

စစ်အစိုးရ ဥပဒေနှင့် မညီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည်က မိမိအား ၇ နှစ်ခွဲ အကြာ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ တရားဥပဒေနှင့် မညီကြောင်း၊ ထို့အတူ ပြန် လည် လွှတ်ပေးလိုက်ခြင်းမှာလည်း စစ်အစိုးရ၏ သဘောထား ပျော့ပြောင်းလာပြီဟု မယူဆကြောင်း အေပီ သတင်းဌာနသို့ ပြောဆိုလိုက်သည်။
သတင်းတိုများ

မင်းလှ ကျေးရွာ ရယကများ ကတိမတည်

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်းရှိ တောင်သူများကို ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကို မဲထည့်လျှင် မိုးစပါးစိုက်ပျိုးပြီး ဆောင်း သီးနှံ အဖြစ် ဈေးကွက်ဝင် မတ်ပဲ စိုက်ပျိုးခွင့်ပြုမည်ဟု ကျေးရွာ ရယကများက မဲဆွယ်စည်းရုံးခဲ့သော်လည်း ယခုအခါ အာဏာပိုင်များ က နွေစပါးကိုသာ စိုက်ပျိုးရမည်ဟု ပြောဆိုကြောင်း တောင်သူများက ပြောသည်။
သတင်းတိုများ

မစ္စတာ ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဖုန်းဖြင့်စကားပြော

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ယမန်နေ့က တယ်လီဖုန်းဖြင့် ၁၅ မိ နစ်ကြာ နှုတ်ခွန်းဆက် စကားပြောဆိုခဲ့သည်ဟု ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသားများကို ပတ်သက်၍ စစ်အစိုးရမှ အမြန်ဆုံး ပြန်လွှတ်ပေးရန်လိုကြောင်းလည်း မစ္စတာဘန်ကီမွန်း နှင့် ဒေါ်အောင်ဆန်း စုကြည် တို့ ပြောဆိုခဲ့ကြောင်း သိရသည်။
သတင်းတိုများ

ကုလသမဂ္ဂ ၌ မြန်မာ့ ရွေးကောက်ပွဲ ရှုတ်ချ

မြန်မာ့ ရွေးကောက်ပွဲ ရလဒ်ကို ရှုတ်ချ ကန့်ကွက်သည့် အဆိုတင်သွင်းမှုတခုကို  ယမန်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂ အထွေ ထွေညီ လာခံတွင် မဲခွဲ ဆုံးဖြတ်လိုက် ကြောင်းသိရသည်။ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၉၆ ၊ ကန့်ကွက်မဲ၂၈ ၊ ကြားနေမဲ ၆၀ ဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
သတင်းတိုများ

ဖားကန့် မြေပြို လူ ၅၀ ခန့်သေ၊ အာဏာပိုင်များ ကူညီမှုမရှိ

ကချင်ပြည်နယ် ဖားကန့်မြေအတွင်း မြေပြိုပြီး လူ ၅၀ ခန့်သေဆုံးခဲ့သည့်အပေါ်တွင် သက်ဆိုင်ရာ အာဏာပိုင်များက တစုံ တရာ ကူညီမှုမရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုသည်။ ယင်းမြေပြိုမှုသည် ဖားကန့်မြို့နယ် မော်ရှန် ခခူး ကျေးရွာတွင် ပြီးခဲ့သည့် စနေနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြိုကျမှုတွင် မြေသယ်ကားတစီး ပါပြီး မြေပြိုကျ သည့်နေရာ ကို ကျောက်တူးဖော်ရေး ကုမ္ပဏီက ပိတ်ပင်လိုက်ကာ လူသေ အလောင်းများကိုလည်း ထုတ်ယူခြင်း မရှိကြောင်း သိရသည်။
Page 38 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်