သတင်းတိုများ

သတင်းတိုများ

မြောက်ဦး စေတီများကို မထိခိုက်စေရန် ရထားလမ်း လွှဲပြောင်း ဖောက်လုပ်မည်

စစ်တွေ - အမ်း ရထားလမ်းကို မြောက်ဦး ရှေးဟောင်း အမွေအနှစ်များ ဖြစ်သည့် ကိုးသောင်း ဘုရားပုထိုးများနှင့် ကိုက် ၅၀၀ ၀န်းကျင်မှ ဖြတ်ကာ ဖောက်လုပ်မည့် လမ်းအူကြောင်း အစား တခြား လမ်းအူကြောင်းတခုမှ လွှဲပြောင်း ဖောက်လုပ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ညွှန်ကြား လိုက်ကြောင်း၊ ထို့အပြင် ပြိုပျက်နေသည့် သဇင်တံ ဘုရား ၂ ဆူကိုလည်း ပြန်လည် ပြုပြင်ပေးမည်ဟု ကတိပြုထားကြောင်း မြောက်ဦး ဒေသခံတဦးက ပြောသည်။
သတင်းတိုများ

လူထုဒေါ်အမာ နှစ်ပတ်လည် မွေးနေ့ ကျင်းပ

စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ၉၅ နှစ်မြောက် မွေးနေ့ နှစ်ပတ်လည်အဖြစ် ယနေ့နံနက် ၉ နာရီခန့်က စစ်ကိုင်းတောင်ရိုးရှိ မြစင်္ကြာ ကျောင်းတိုက်တွင် သံဃာတော် အပါး ၂၇၀ ကျော်ကို ဆွမ်းကပ်လှူကြောင်း သိရသည်။ မုံရွာ အံ့မောင်၊ ကြည်နိုင်၊ ထက်မြက်၊ ဆူးငှက်၊ ကျော်ရင်မြင့်၊ သင့်နော်၊ ညီစေမင်း၊ မောင်သင်းပန်နှင့် ကဗျာဆရာများ၊ ပန်းချီယဉ်မင်းပိုက်၊ ပန်တျာ ဌေးဌေးမြင့်စသည့် အနုပညာရှင်များ တက်ရောက်ကြောင်းသိရသည်။ လူထုဒေါ်အမာသည် ၂၀၀၈ ခုနှစ် ဧပြီလ ၇ ၇က်နေ့၊ အသက် ၉၃ နှစ်တွင် ကွယ်လွန်ခဲ့သည်။
သတင်းတိုများ

စစ်အစိုးရစစ်တပ်နှင့် DKBA တိုက်ပွဲကြောင့် ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ တိမ်းရှောင်

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ၅ မိုင်အကွာတွင် ပြီးခဲ့သည့် သောကြာနေ့က စတင်၍ စစ်အစိုးရတပ်များနှင့် DKBA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ တဘက်ကမ်း မဲဆောက် မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်း တကျောင်းသို့ စစ်ပြေးဒုက္ခသည် ၁၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်လာရကြောင်း သတင်းရရှိသည်။ ထွက်ပြေးတိမ်းရှောင် လာသူများသည် မြ၀တီမြို့နယ်ရှိ ဖလူးကျေးရွာ ဒေသခံများ ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်းသား၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ဒေါ်မိမိလေး ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အခမ်းအနားသို့ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် သွားရောက်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ကိုဌေးကြွယ်သည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည်။
သတင်းတိုများ

ကုလသမဂ္ဂကိုယ်စားလှယ်၏ သတင်းစာရှင်းလင်းပွဲ ပြည်တွင်း သတင်းထောက်များ တက်ခွင့်မရ

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား မြန်မာနိုင်ငံမှ မထွက်ခွာမီ ယမန်နေ့ ညနေ ၅ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကျင်းပခဲ့သော၏ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း ပုဂ္ဂလိကသတင်း မီဒီယာများအား တက်ရောက်ခွင့်ပိတ်ပင်ခဲ့ကြောင်း၊ နိုင်ငံခြား သတင်း ထောက်များ အသင်းဝင် မြန်မာ သတင်းထောက် များကိုသာ လေဆိပ်ဝန်ထမ်းများက သတင်းယူခွင့်ပေးခဲ့ကြောင်း သိရသည်။
သတင်းတိုများ

လွှတ်တော်တွင် ဝေဖန်ပါက ထောင် ၂ နှစ်ကျနိုင်

ပေါ်ပေါက်လာမည့် လွှတ်တော်အတွင်း လွတ်လပ်စွာပြောဆိုခွင့် ပြုမည်ဟု ဆိုသော်လည်း နိုင်ငံတော်လုံခြုံရေးနှင့် ဒို့တာဝန် အရေး (၃)ပါးကို ထိခိုက်ပါက ထောင်ဒဏ် ၂ နှစ်၊ လွှတ်တော်အတွင်း ဆန္ဒပြပါကလည်း ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်မည်ဟု ယမန်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ထိုး ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
သတင်းတိုများ

စစ်အစိုးရနှင့် DKBA တိုက်ပွဲ ထပ်ဖြစ်

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ၅ မိုင်အကွာ ဒေသတွင် စစ်အစိုးရတပ်များနှင့် DKBA တို့ ယနေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဒေသခံတချို့ ထိုင်းဘက်သို့ ထွက်ပြေးကြကြောင်းလည်း သိရှိရသည်။
သတင်းတိုများ

ဆောက်လုပ်ဆဲ အဆောက်အဦးပြိုကျ၊ ၇ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲထော်သလေး ကျေးရွာတွင် ယနေ့ နံနက်၌ ဆောက်လုပ်ဆဲ ဂိုထောင်တခု၏ နံရံ ပြိုကျသဖြင့် မြန်မာအလုပ်သမား ၇ ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားသည်။ ဒဏ်ရာရရှိသူ အလုပ်သမားများကို မဲဆောက်ဆေးရုံတွင် တင်ထားကြောင်း၊ ဒဏ်ရာ မပြင်းသူများကို မယ်တော် ဆေးခန်းတွင် ကုသပေးနေကြောင်း သိရသည်။ ပြိုကျသည့် အဆောက်အဦးနေရာတွင် မြန်မာအလုပ်သမား ၇၀ ခန့် အလုပ်လုပ်နေခဲ့သည်။
သတင်းတိုများ

မစ္စတာ နမ်ဘီယာ ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့မည်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာခရီးစဉ်အဖြစ် ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ မစ္စတာ နမ်ဘီယာသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်များနှင့် ယနေ့တွေ့ဆုံမည်ဟု သိရသည်။
သတင်းတိုများ

ဦးခင်ညွန့်နှင့် ရဲချုပ် ခင်ရီ တွေ့ဆုံသည့် ဗီဒီယို အင်တာနက်တွင် ပြန့်

ရဲချုပ် ခင်ရီက နေအိမ်အကျယ်ချုပ် ကျခံနေရသော ဦးခင်ညွန့်ကို သွားရောက်တွေ့ဆုံသည့် ဗီဒီယိုဖိုင်သည် ယမန်နေ့ညမှစ၍ ဖေ့စ်ဘုတ် လှုမှုကွန်ရက် စာမျက်နှာမှ စတင်၍ ပြန့်နေသည်။ ရုပ်သာမြင်ရပြီး အသံမပါသည့် အဆိုပါဖိုင်သည် မည်သည့် အချိန်ကာလတွင် ရိုက်ယူထားကြောင်း၊ မည်သည့်အကြောင်းအရာကို ဆွေးနွေးပြီး ဦးခင်ညွန့်ကို မည်သည့် နေရာသို့ ခေါ်သွားကြောင်းနှင့် ဤ ဗီဒီယိုဖိုင်သည် မည့်သည့်နေရာမှ ပေါက်ကြားလာကြောင်းကို အသေးစိတ် မသိရသေးပေ။
သတင်းတိုများ

တီးတိန်မြို့အနီး ယာဉ်တိမ်းမှောက်၊ ၁၄ ဦး သေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နှင့် ၈ မိုင်အကွာတွင် ယနေ့ နံနက်က ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၄ ဦး ပွဲချင်းပြီး သေဆုံး သွားကြောင်း သတင်းရရှိသည်။ ခရီးသည်များသည် တီးတိန်မြို့ရှိ ခရစ်ယာန် သာသနာပြု ရာပြည့် အခမ်းအနားသို့ တွန်းဇံ မှ လာရောက်ကြခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်လိုင်းမှာ ချင်းတောင်တန်း မော်တော်ယာဉ်လိုင်းဖြစ်ကြောင်း၊ အဆိုပါ ယာဉ်ပေါ် တွင် ခရီးသည် ၁၀၀ ခန့် ပါရှိကြောင်း၊ ဒဏ်ရာရရှိသူများမှာ တီးတိန် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရကြောင်း သိရ သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ရဟန်းခံမည်

နိုဝင်ဘာ ၂၃ ရက်နေ့က မြန်မာပြည်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) ကင်မ် အဲရစ္စ သည် မနက်ဖြန် ညနေတွင် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်တွင် ဒုလ္လဘ ရဟန်းခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကိုထိန်လင်းသည် ဒေါ်အောင်ဆန်း စုကြည်၏ မိခင် ဒေါ်ခင်ကြည် မကွယ်လွန်မီ အချိန်က ဖခင်၊ အစ်ကို ဖြစ်သူတို့နှင့်အတူ သင်္ကန်း ဆီးခဲ့ဖူးသေးသည်။
သတင်းတိုများ

သာကေတတွင် မီးလောင်၊ အိမ် ၁၅ လုံး ပျက်စီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အတွင်းရှိ တိုင်းရင်းသား ကျေးရွာအနီး သာလ္လာဝတီလမ်းတွင် ညနေ ၃နာရီခွဲခန့်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၄ နာရီခန့်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ပြောသည်။ မီးလောင်ကျွမ်းမှုကြောင့် အိမ် ၁၅ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ လောင်ကျွမ်းမှုဖြစ်စဉ်နှင့် ဆုံးရှုံးမှု ပမာဏကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း မီးသတ်အရာရှိတဦးက ဆိုသည်။
သတင်းတိုများ

လိုင်ဇာဘက်မှ ၀င်သည့် တရုတ် ကုန်များ ပိတ်

ကချင်လွတ်လပ်ရေးအဖွဲ(KIO) ဋ္ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့မှ တဆင့်ဝင်ရောက်နေသည့် တရုတ် ကုန်ပစ္စည်းများကို မြစ်ကြီး နား၊ ဗန်းမော် စသည့် မြို့ကြီးများသို့ တင်ပို့ခွင့် မပြုတော့ကြောင်း သတင်းရသည်။ ယခုအခါ အဆိုပါ မြို့ကြီးများသို့ ပြေးဆွဲ နေ သည့် ကားများသည် ခရီးသည်သာ တင်ဆောင်ခွင့်ရှိပြီး ကုန်ပစ္စည်း တင်ဆောင်ခွင့် မရှိတော့ကြောင်း မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။
သတင်းတိုများ

ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မြန်မာပြည် သွားမည်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် နိုင်ငံရေး သမားများနှင့် အစိုးရအရာရှိများကို တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ခရီး သွား ရောက်မည် ဖြစ်ကြောင်း၊ ၎င်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တဆင့် ရန်ကုန်မြို့သို့ မနက်ဖြန်တွင် ရောက်ရှိမည် ဖြစ် ကြောင်း သိရသည်။
သတင်းတိုများ

ဒုက္ခသည်များအတွက် ဆန်များကို ရယကအဖွဲ့ ကိုယ်ကျိုးအတွက်သုံး

ရခိုင်ပြည်နယ် လေဘေးသင့်လူထုအတွက် စစ်တွေမြို့နယ် ခရစ်ယာန် သာသနာပြု အသင်းမှ ဆန်အိတ် ၅၀ ကို နိုဝင်ဘာ ၂၂ ရက်နေ့က လှူဒါန်းခဲ့ရာ ပေါက်တောမြို့နယ် မြေငူကျွန်းရှိ ပြိုင်းတောင် ကျေးရွာအုပ်စုမှ ရယက ဥက္ကဌ ဦးဝေလူနှင့် အဖွဲ့ဝင် ဦးကျော်မောင်တို့က တဦးလျှင် ဆန် ၁၀ အိတ်စီ ယူခဲ့ပြီး ဒုက္ခသည်များကို အိတ် ၃၀ သာ ဝေငှပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
သတင်းတိုများ

နာမည်ကြီး ကိုရီးယား သရုပ်ဆောင်၂ ဦး ရန်ကုန်ရောက်

မြန်မာပရိသတ်က နှစ်ခြိုက်အားပေးသော နာမည်ကြီး ကိုးရီးယား မင်းသားဂျူမုံ( ဆောင်အီလ်ဂွတ်)သည် ကိုးရီးယား-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ပွဲတော် တက်ရောက်ရန် ယမန်နေ့က ရန်ကုန်မြို့ သို့ရောက်ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယား သံရုံး ပြောပြချက်အရ သိရှိရသည်။ ဂျူမုံဧ။် “ရာဇ၀င်တွင်မည့် သူရဲကောင်း” ဇာတ်လမ်းတွဲသည် မြန်မာပရိသတ်များ အကြား အောင်မြင်ခဲ့သော ဇာတ်လမ်းတွဲတခု ဖြစ်သည်။ ဂျူမုံနှင့်အတူ ကိုးရီးယားမင်းသမီး လီဟားနားလည်း အတူပါဝင်ပြီး သရုပ် ဆောင် နှစ်ဦးသည် ယနေ့ တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်သည်။
သတင်းတိုများ

ဂီရိ မုန်တိုင်းသင့် ဒေသရှိ ကလေးများ အာဟာရ ပြတ်လပ်မှုဖြစ်နေ

ရခိုင်ပြည်နယ်ရှိ ဂီရိ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ၅ နှစ်အောက် ကလေးငယ် ၆၀၀ ခန့် လတ်တလော အာဟာရ ပြတ်လပ်မှု နှင့် ရင်ဆိုင်နေရကြောင်း၊ ယင်းဒေသရှိ ကလေး စုစုပေါင်း ၁၈၀၀၀ ခန့်မှာ အာဟာရ ချို့တဲ့မှု ဖြစ်နေကြောင်း၊ ထိုကလေးများ အား UNOCHA နှင့် ယူနီဆက် တို့ ပူးပေါင်း၍ အဟာရ ပြည့်ဝရေးကို လုပ်ဆောင်နေသော်လည်း လုံလောက်မှု လုံးဝ မရှိသေး ကြောင်း သိရသည်။
သတင်းတိုများ

တောင်ဒဂုံမှ HIV/AIDS ဝေဒနာရှင်များ ဆက်လက် နေထိုင်ခွင့်ရ

NLD လူမှု အထောက်အကူပြုအဖွဲ့မှ စောင့်ရှောက်ထားသည့် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ HIV/AIDS ဝေဒနာရှင်များ ကို သက်ဆိုင်ရာက ဆက်လက် နေထိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ NLD ဗဟိုကော်မတီဝင် မဖြူဖြူသင်း က ဝေဒနာရှင်များ ယင်းသို့ နေထိုင်ခွင့်ရခြင်းသည် အနုပညာရှင်များ၊ ပြည်တွင်း ပြည်ပ မီဒီယာများက ၎င်းတို့ဘက်မှ ရပ်တည် ပေးခဲ့ကြသောကြောင့် ဖြစ်သည်ဟု ပြောဆိုသည်။
သတင်းတိုများ

လိုင်ဇာဘက်မှ ၀င်သည့် တရုတ် ကုန်များ ပိတ်

ကချင်လွတ်လပ်ရေးအဖွဲ(KIO) ဋ္ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့မှ တဆင့်ဝင်ရောက်နေသည့် တရုတ် ကုန်ပစ္စည်းများကို မြစ်ကြီး နား၊ ဗန်းမော် စသည့် မြို့ကြီးများသို့ တင်ပို့ခွင့် မပြုတော့ကြောင်း သတင်းရသည်။ ယခုအခါ အဆိုပါ မြို့ကြီးများသို့ ပြေးဆွဲ နေ သည့် ကားများသည် ခရီးသည်သာ တင်ဆောင်ခွင့်ရှိပြီး ကုန်ပစ္စည်း တင်ဆောင်ခွင့် မရှိတော့ကြောင်း မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။
Page 36 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်