သတင်းတိုများ

သတင်းတိုများ

လစာအပြည့်မရသည့် ကုမ္ပဏီဝန်ထမ်း ၉ ဦး ရန်ကုန်တွင် ဆန္ဒပြ

လစာ အပြည့်အ၀ မရရှိသောကြောင့် Ever Win ကုမ္ပဏီမှ ၀န်ထမ်း ၉ ဦးသည် ဇွန်လ ၃ ရက် နေ့လယ် ၁၁ နာရီခွဲက ပန်းဆိုးတန်းလမ်းရှိ ကုမ္ပဏီရှေ့တွင် ဆန္ဒြုပခဲ့ပြီး နေ့လယ် ၂ နာရီတွင် NLD ရုံးသို့ သွားကာ ILO သို့ တိုင်ကြားနိုင်ရန် စီစဉ်ခဲ့သည်ဟု သိရသည်။ အလုပ်စတင် ၀င်ရောက်သည့် အချိန်ကတည်းက လစာငွေကို ၃ ရစ်ခွဲကာ နှစ်ချီပေးခဲ့ကြောင်း၊ လက်ရှိ ကုန်ဈေးနှုန်း များကြောင့် ကျပ်တည်းမှု ပိုမိုကြုံလာရသော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း အဆိုပါ ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။ Ever Win ကုမ္ပဏီသည် Myanmar News Week၊ ရောင်ခြည်မိုး စသည့် ဂျာနယ်များ ထုတ်ဝေ ဖြန့်ချိနေသည့် ကုမ္ပဏီဖြစ်သည်။
သတင်းတိုများ

ဘုရားသုံးဆူတွင်ဗုံးပေါက် စရဖ ၁ ဦး၊ ကလေး ၁ ဦးသေဆုံး

ယမန်နေ့က ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့၏ ဗုံး ဖောက်ခွဲမှုကြောင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ) ဝင် တဦးနှင့် အသက် ၉ နှစ်အရွယ် ကလေး တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
သတင်းတိုများ

ရန်ကုန်မှ ဗြိတိန်သံအမတ် ဒုက္ခသည်စခန်းသို့ သွားရောက်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် Mr Andrew Heyn သည် ယမန်နေ့ ညနေက ထိုင်းမြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းသို့  သွားရောက် လေ့လာခဲ့သည်။စခန်း ကော်မတီဝင်များ၊ ဒုက္ခသည်များနှင့် တွေ့ဆုံ စကားပြောခဲ့သည့် သံအမတ်ကြီးက နယ်စပ်တိုက်ပွဲများကြောင့် ဒေသခံများ ဒုက္ခသည်စခန်းသို့ ထွက်ပြေးရပုံ နှင့် ဒုက္ခသည်တို့၏ အခြေအနေများကို မြန်မာအစိုးရထံ ပြန်လည် တင်ပြပေးမည်ဟု ပြောဆိုသွားကြောင်း စခန်း ကော်မတီ ဥက္ကဋ္ဌစောထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။
သတင်းတိုများ

ကြက်ခြေနီအဖွဲ့ ထောင်တွင်းစစ်ဆေးခွင့် ဂျွန်မက်ကိန်း မျှော်လင့်

မြန်မာပြည် အကျဉ်းထောင်များသို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ (ICRC) သွားရောက် စစ်ဆေးခွင့် မကြာမီ ပြန်လည် ရရှိမည်ဟု မျှော်လင့်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယနေ့ နံနက် ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။မြန်မာအစိုးရက ထိုသို့ ခွင့်ပြုလိုက်လျှင် မြန်မာ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးအတွက် ပထမခြေလှမ်းဖြစ်လာမည်ဟု ဂျွန်မက်ကိန်းက ဆိုသည်။ ဂျွန်မက်ကိန်းသည် ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ သွားရောက်ပြီး ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါ အ၀င် အရေးပါသည့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
သတင်းတိုများ

ဘတ် သန်း ၁၅၀ တန် မူးယစ်ဆေးများ ဖမ်းမိ

စိတ်ကြွဆေးပြား ၉ သိန်း နှင့် ICE မူးယစ်ဆေးဝါး ၂၅ ကီလိုဂရမ်ကို ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် အင်္ဂါနေ့ညက ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များက ယနေ့ ပြောလိုက်သည်။ ထိုမူးယစ်ဆေး သယ်ဆောင်လာသူ ၆ ဦးသည်  တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ ချောင်းအနီး ကင်းလှည့်နေသော ထိုင်းစစ်သားများနှင့် ရင်ဆိုင်တိုးစဉ် မူးယစ်ဆေးများကို စွန့်ပစ်ပြီး တာချီလိတ်မြို့ဘက်သို့ ထွက်ပြေးသွားကြောင်း၊ ဖမ်းမိသည့် မူးယစ်ဆေးများ၏ တန်ဖိုးမှာ ဘတ် သန်း ၁၅၀ ခန့် ရှိနိုင်ကြောင်း သိရသည်။  
သတင်းတိုများ

နေပြည်တော်နှင့် ရန်ကုန် ၌ တရုတ် ရုပ်ရှင်ပွဲတော် ကျင်းပမည်

တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ နေပြည် တော်နှင့် ရန်ကုန်မြို့၌ တရုတ် ရုပ်ရှင်ပွဲတော်ကို လာမည့် ဇွန်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ပြသ မည့် ရုပ်ရှင်ကားများမှာ Walking to School , Bodyguards Assassins, Jing Tian Dong Di, Confucius , Sky Fighters အပါအ၀င် featuring the story of 2008 Sichun earthquake, Chinese air force history , Chinese Kungfu, a boy of Lisu nationality စသည့် ရုပ်ရှင်များ ပြသမည်ဖြစ်ကြောင်း သိရသည်။ မြန်မာရုပ်ရှင် ကားများ ကို တရုတ် နှစ်ပတ်လည် ရုပ်ရှင်ပွဲတော်၌ ပါဝင်ပြသနိုင်ရေးနှင့် တရုတ်-မြန်မာ ရုပ်ရှင်လုပ်ငန်း ကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေး အတွက်လည်း ယခုအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။
သတင်းတိုများ

ဂျွန် မက်ကိန်း ထိုင်းနယ်စပ် ဒုက္ခသည် စခန်းသွားမည်

အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း သည် ယမန်နေ့က ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ နှင့် တွေ့ဆုံသည်။ ယနေ့တွင် ဂျွန် မက်ကိန်းသည် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒေါက်တာ စင်သီယာမောင် ၏ မယ်တော် ဆေးခန်းနှင့် မယ်လ ဒုက္ခသည် စခန်းသို့ သွားရာက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ဂျွန် မက်ကိန်း မြန်မာကို လာမည်

အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်   တွေ့ဆုံမည်ဖြစ်ပြီး သမ္မတ ဦးသိန်စိန်နှင့်လည်း တွေ့ဆုံရန်မျော်လင့်ထားသည်ဟု သတင်းများတွင် ရေးသားထားသည်။ ဗီယက်နမ်စစ်ပြန် တဦးဖြစ်သည့် ဂျွန် မက်ကိန်းသည် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံသူ တဦး ဖြစ်သည်။
သတင်းတိုများ

ကော့သောင်း၌ ကုန်တင်သင်္ဘောတစီး နစ်မြုပ်

တနင်္သာရီတိုင်း ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာမည့် တန်ချိန် (၆၀၀)ခန့်တင်ဆောင်နိုင်သော င်္ဘော တစီးသည် ယမန်နေ့ နေ့လယ်ပိုင်းက ကော့သောင်းမှ ထွက်ခွာခွင့် စောင့်ဆိုင်းနေစဉ် နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ ယင်း သင်္ဘော နစ်မြုပ်မှုကြောင့် သင်္ဘောသားများ အသေအပျောက် မရှိကြောင်း၊ သင်္ဘောပေါ်၌ စားဆီပုံး၊ စားအုန်းဆီကြမ်း၊ ငါးဖမ်းပိုက်၊ အင်ဂျင်ဝိုင်ပုံး စသော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများကို အဆမတန် တင်ဆောင် ထားပြီး ဆုံးရှုံးမှု တန်ဖိုးကိုမှု အတိအကျ မသိရှိရကြောင်း ကော့သောင်း ဒေသခံ မျက်မြင် တဦးက ပြောသည်။
သတင်းတိုများ

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ပြင်ဆင်ဖွဲ့စည်း

သမ္မတ ဦးသိန်းစိန်က အစိုးရထိပ်တန်း အဆင့်မြင့်အရာရှိ ၁၆ ဦးပါဝင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်(MIC)ကို အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ ယင်း MIC ပြင်ဆင်ဖွဲ့စည်းမှုကို ပြီးခဲ့သည့် ဧပြီလ၂၀ ရက်က အမိန့်ကြေညာချက်ထုတ်ပြန်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးတင်နိုင်သိန်း ကို ဥက္ကဌ အဖြစ် ခန့်အပ်လိုက်ကြောင်း ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ပြောသည်။
သတင်းတိုများ

မန္တလေး၌ အရိပ်ရပင် တသောင်း ကျော် စိုက်မည်

သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် မန္တလေးမြို့မှ စိမ်းရောင်စို အဖွဲ့သည် ဇွန်လ ၅ ရက်နေ့၌ ကျရောက်သည့် ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင် မန္တလေးမြို့၌ အရိပ်ရပင် ၁၀၀၀၀ ကျော် စိုက်ပျိုး မည်ဟု သိရသည်။ စိမ်းရောင်စို အဖွဲ့ကို၂၀၁၀ ပြည့်နှစ် မေလ၂၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင်ဒေသများ၌ အရိပ်ရ သစ်ပင်ပေါင်း ၃၀၀၀ ကျော် စိုက်ပျိုးခဲ့သည်။
သတင်းတိုများ

တတိယ အကြိမ် ပဒိုမန်းရှာလားဖန်း ဆု ချီးမြှင့်

တတိယ အကြိမ်မြောက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ယနေ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်ပြုလုပ်သည့် ၈ ကြိမ် မြောက် ကရင်အမျိုးသားစည်းလုံညီညွတ်ရေး ညီလာခံ နောက်ဆုံးနေ့တွင် နော်ဒီဇင်ဘာဖောကို ချီးမြင့်လိုက်သည်။ ပဒိုမန်းရှာလား ဖန်း၏ သားသမီး ၂ ဦးဖြစ်သည့် စောစေး စေးဖန်းနှင့်နော်ဘွားဘွားဖန်းတို့က အမေရိကန်ဒေါ်လာ ၂၀၀၀ ပါရှိသည့်ဆုကို ပေး အပ် သည်။ နော်ဒီဇင်ဘာဖောသည် KNU မြိတ်-ထားဝယ် ခရိုင်မှဖြစ်ပြီး ထိုနယ်စပ်တွင် ဆေးခန်းဖွင့်ကာ ဒေသခံလူထုကို ကျန်းမာရေး စောင့် ရှောက်မှုပြုလုပ်ပေးနေသူ ဖြစ်သည်။ ကျန်းမာရေးမှူး နော်ဒီဇင်ဘာဖော သည် သူနာပြုသင်တန်းကို ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် တက်ရောက်သင်ကြား အောင်မြင်ခဲ့သည်။
သတင်းတိုများ

Bangkok Post နှင့် The Nation မြန်မာပြည်မှာ ဖြန့်ချိမည်

ထိုင်း နိုင်ငံ၌ ထုတ်ဝေလျက်ရှိသော Bangkok Post နှင့် The Nation နေ့စဉ်ထုတ် သတင်းစာ ၂ စောင်ကို မြန်မာပြည်တွင်း ဖြန့်ချိရန် စီစဉ်နေသည်ဟု သိရသည်။ ယင်း သတင်းစာ ၂ စောင်ကို Success International Publisher’s Distributor ကုမ္ပဏီက လာမည့် ဇွန် လ ၁ ရက်နေ့တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။
သတင်းတိုများ

ဟောင်ကောင်-မြန်မာ ကုန်သွယ်မှု မြင့်လာ

တရုတ် အထူး အုပ်ချုပ်ရေး ဒေသ ဟောင်ကောင် နှင့် မြန်မာနိုင်ငံ ၏ ကုန်သွယ်ရေးသည် ၂၀၁၀ – ၂၀၁၁ ဘဏ္ဍာရေး နှစ်တွင် အမေရိကန် ဒေါ်လာ ၁.၇ ဘီလီယံ ရှိ၍ ၇၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ တင်ပို့မှု တန်ဖိုးမှာ ဒေါ်လာ ၁.၆၉ ဘီလီယံ ရှိပြီး ဟောင်ကောင်မှ မြန်မာသို့ တင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၄.၇ မီလီယံ ရှိသည်ဟု မြန်မာ နိုင်ငံ စီးပွားရေးဆိုင်ရာ စာရင်းအင်းများကို ကိုးကား၍ ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍရေးနှစ်တွင် ဒေါ်လာ ၉၄၉ မီလီယံသာ ရှိကြောင်း သိရသည်။ ဟောင်ကောင်သည် တရုတ်ပြည်မကြီး နှင့် ထိုင်းနိုင်ငံတို့ ပြီးလျင် မြန်မာနှင့် တတိယ အများဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သည်ဟုလည်း ဆိုသည်။
သတင်းတိုများ

ကရင် နယ်ခြားစောင့် အချင်းချင်း ပစ်ခတ်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထီလုံကျေးရွာတွင် နယ်ခြားစောင့်တပ် လက်ခံထားသည့် DKBAတပ်ဖွဲ့ဝင်များ အချင်းချင်း ပြီးခဲ့ သည့် အင်္ဂါနေ့ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှု ဖြစ်ပွားသူများသည် နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၁၂ မှ ဗိုလ်ဘိ ဦးဆောင်သော တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ထိုပစ်ခတ်မှုများကြောင့် ယင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း KNU ဘား အံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ပြောသည်။
သတင်းတိုများ

သမ္မတ ဦးသိန်းစိန် ဘေဂျင်းရောက်ရှိ

သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည် ပထမ ဆုံး ခရီးစဉ်အဖြစ် ယနေ့နေ့လယ်ပိုင်းက ဘေဂျင်းမြို့သို့ ရောက်ရှိလာကြောင်း သိရ သည်။ ယခု ဦးသိန်းစိန်၏ ၃ ရက်ကြာခရီးစဉ်၌ ၀န်ကြီးများနှင့် စစ်တပ်အရာရှိ တဒါဇင်ခန့် ပါဝင်ပြီး ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့် ရန်နှင့် စီးပွားရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် အဓိက သွားရောက်ခြင်း ဖြစ် သည် ဟု ဆင်ဟွာ သတင်းတွင် ရေးသားထားသည်။
သတင်းတိုများ

၁၉၉၀ ရွေးကောက်ပွဲ အောင်ပွဲ အခမ်းအနား NLD ကျင်းပမည်

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်ပွဲ အခမ်းအနားကို မေလ ၂၇ ရက်နေ့တွင် ရန်ကုန် NLDရုံးချုပ် ၌ စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ မကြာခင်က ပြန်လည်လွတ်မြောက်လာခဲ့သော နိုင်ငံရေးအကျဉ်းသား ၅၀ ခန့် ကိုကြိုဆိုသည့် အစီအစဉ်နှင့် အနာဂတ် ဒီမိုကရေစီအရေး ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု NLDက ပြောသည်။
သတင်းတိုများ

ထိုင်းနိုင်ငံ ဆင်ဘူရီ၌ မြန်မာ ၃ ဦး ရုပ်အလောင်းတွေ့

အသက်ရှုကျပ်ပြီး သေဆုံးသည်ဟု ယူဆရသော မြန်မာနိုင်ငံသား ၃ ဦး၏ အလောင်းကို ထိုင်းနိုင်ငံ အလယ်ပိုင်း ဆင်ဘူရီမြို့ နယ် ရှိ လမ်းဘေး တနေရာ၌ ယနေ့ တွေ့ရှိခဲ့ကြောင်း ထိုင်း သတင်းတပုဒ်တွင် ဖော်ပြထားသည်။ သေဆုံးသူများသည် မြန်မာနိုင်ငံ သား အမျိုးသားများ ဖြစ်ပြီး အသက် ၃၄ နှစ်နှင့် ၂၈ နှစ် အရွယ်များဖြစ်သည်ဟု ဒေသခံ ရဲ အရာရှိ တဦးက အတည်ပြုပြောကြားသည်။
သတင်းတိုများ

မြန်မာ၊ မြောက်ကိုရီးယားနှင့် အီရန် ခေါင်းဆောင်များ တရုတ်ကိုသွား

ယခုတပတ်အတွင်း တရုတ်နိုင်ငံ ဘေဂျင်းသို့ မြန်မာ အပါအ၀င် မြောက်ကိုရီးယားနှင့် အီရန် နိုင်ငံများမှ ခေါင်းဆောင်များ သွားရောက်မည် ဟု AP သတင်းတွင် ဖော်ပြထားသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ်သည် တရုတ်သမ္မတ ဟူကျင်းတောင်နှင့် တွေ့ဆုံရန် တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ယနေ့ ရောက်ရှိကြောင်း၊ မနက်ဖြန်၌ မြန်မာ သမ္မတ ဦးသိန်းစိန် ဘေဂျင်းသို့ ရောက်ရှိ လာမည်ဖြစ်ကြောင်း နှင့် တချိန်တည်း၌ အီရန် နိုင်ငံခြားရေး ၀န်ကြီး Ali Akbar Salehi သည်လည်း ရောက်ရှိနေကြောင်း သိရသည်။
သတင်းတိုများ

NGO များကို ထိုင်းဖိအားပေး

မြန်မာ အတိုက်အခံအဖွဲ့အစည်းများကို အားပေးကူညီမှုများ မပြုလုပ်ကြရန် ထိုင်းနိုင်ငံ မဲဆောက် ဒေသ အခြေစိုက် အစိုးရ မဟုတ် သည့် NGO အဖွဲ့များအား တာ့ခ် ခရိုင်ဝန်က တနင်္လာနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး သတိပေးလိုက်သည်။ ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ မြို့ပိုင်ရုံးတွင်ပြုလုပ်သည့် ထိုင်း အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ အပါအ၀င် မဲဆောက် အခြေစိုက် လှုပ်ရှားနေ သည့် NGO အဖွဲ့အစည်း ၂၀ ခန့်နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် တာ့ခ်ခရိုင်ဝန် နိုင်စမာ့လွိုင်ဖာ့က ပြောကြားခြင်းဖြစ်သည်။
Page 16 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်